Pages

Saturday, May 10, 2014

ဗိုလ်ချုပ်ပြောတဲ့ ဟိုနိုင်ငံ

ဧရာဝတီ စာဖတ်ပရိသတ် တဦးဆီက ရောက်လာတဲ့ အယ်ဒီတာ့ထံ ပေးစာတစောင်ဖြစ်ပါတယ်။ ဧရာဝတီ ကို ရောက်ရှိလာတဲ့ ပေးစာတွေထဲက ဒီ တစောင်ကို ဒီတပတ်အတွက် ပေးစာကဏ္ဍမှာ ပြန်လည် ဖော်ပြ 
ပေးလိုက်ပါတယ်။


>>>>>
နိုးကြတော့
မြန်မာမျိုးချစ် နိုင်ငံချစ်များ
အောင်ဆန်းအကြောက်ဆုံးအရာ ဖြစ်လို့လာပြီလေ
စပါးတွေ စေတီက ခေါင်းလောင်းသံတွေနဲ့ ကျုပ်တို့ရဲ့ ရွှေနိုင်ငံ
ဟိုနိုင်ငံအဖြစ် ပြောင်းနေပါပေကော။

ဟုတ်တယ် ခင်ဗျားတို့ ခင်ဗျားတို့ ခင်ဗျားတို့
ဗုဒ္ဓဘာသာမဟုတ်တဲ့ ဗုဒ္ဓဘာသာဝင်ဖြစ်ကြတာကို ဂုဏ်ယူတဲ့သူတွေ
မေတ္တာနဲ့ သစ္စာမရှိကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ
အမျိုးသားလုံခြုံရေးအတွက်ဆိုပြီး၊ “တီထွင်ထားတဲ့ အကြောက်နောက်မှာ စုဝေးကြသူတွေ”

ခင်ဗျားတို့ရဲ့ မြေတွေ အသိမ်းခံရ
ခင်ဗျားတို့ရဲ့မြစ်တွေ ဆည်ဆောက်ခံရလို့
ခင်ဗျားတို့ရဲ့ ကျန်းမာရေးပြိုကွဲ
ခင်ဗျားတို့ရဲ့ ဦးနှောက်ဆဲလ်မှာ အမုန်းတွေ လျှံနေ၊
ခင်ဗျားတို့ရဲ့ သစ်တောတွေကုန်ပြီ
မိန်းမတွေ အရောင်းခံရပြီး
သားတွေက နိုင်ငံရပ်ခြားမှာ ကျွန်တွေ …
ခင်ဗျားတို့ရဲ့ ကျောက်သံ ပတ္တမြားတွေကို  သူခိုးတွေခိုး
ဓာတ်ငွေ့နဲ့ ရေနံက ၀င်ငွေလည်း ခင်ဗျားတို့နဲ့မဆိုင်
ပြည်သူပိုင်တွေက ခရိုနီ-အရင်းရှင်-မာဖီးယား-စစ်တပ် လက်ထဲရောက်
ခင်ဗျားတို့ရဲ့ သီလ အဖျက်ဆီးခံရပြီး
ခင်ဗျားတို့ရဲ့ အနာဂတ်ကို ငြင်းပယ်
ခင်ဗျားတို့ရဲ့ အတိတ်ကတော့ ပျောက်ကွယ်ပြီ။

ခင်ဗျားတို့ ပြန်တိုက်ရမှာက
အိမ်ထဲက ရန်သူ ဗိုလ်ချုပ်တွေနဲ့ ခရိုနီအစု
ပြင်ပကရန်သူ ကော်ပိုရိတ်လဒတွေကို။
အဲဒီအတွင်းအပြင် ရန်သူတော်တွေဟာ
တချိန်တခါက ရွှေမြေကို “သယံဇာတ ဖါအိမ်”
ဈေးပေါတဲ့ အလုပ်သမားတွေ ထုတ်လုပ်တဲ့ ကြေးစားနိုင်ငံ
မဟာဗျူဟာ ပစ္စည်းတခုသာ
ပထ၀ီနိုင်ငံရေး ကိုယ်စားလှယ်ဖြစ်အောင် လုပ်သူတွေ။

ခင်ဗျားတို့မှာ မာနတက်စရာ ဘာမှမရှိ
ခင်ဗျားတို့ရဲ့ ဒေါင်းဆိုတဲ့ ဂုဏ်သရေဟာကလိုင်ကြီး
ခင်ဗျားတို့မှာ ကိုယ်ပိုင်တန်ဖိုးမဲ့နေပြီလေ
အသိမရရှိတဲ့ ကြေစားမယ်တွေနဲ့ ရွှေမြေ
သို့မဟုတ် လွန်ခဲ့တဲ့ နှစ် ၇၀ က ကွယ်လွန်သွားတဲ့ အောင်ဆန်းပြောခဲ့တဲ့ ဟိုနိုင်ငံ။
ကုမ္ပဏီကြီးတွေနဲ့ ကမ္ဘာ့ကိုယ်ကျိုးရှာ ဂိုဏ်းတွေက
သယံဇာတ ကြွယ်ဝတဲ့မြေကို ပစ်ခတ်နေတာ
ဘာမှမတတ်နိုင် ထိုင်ကြည့်နေဆဲ
ခင်ဗျားတို့ရဲ့ ကြေးစားတွေက မရှိတဲ့ ရန်သူကို တိုက်နေကြသလေ။
                                                ----------------------------------
နိုင်ငံရပ်ခြားနေ ဗမာတယောက်က (အင်္ဂလိပ်လို) ကဗျာတပုဒ်ပို့တယ်။ မချိတင်ကဲနဲ့ ရေးတာပဲ။ ကျုပ်တို့ရဲ့ ရွှေနိုင်ငံဟာ ဟိုနိုင်ငံဖြစ်နေပါပြီ။ ကျုပ်တို့ထဲက အချို့လူတွေဟာ ရန်သူအစစ်ကိုတော့မတိုက်ဘဲ တီထွင်ဖန်တီးထားတဲ့ ရန်သူကိုပဲ တိုက်နေတယ်။ 

အဲဒီရန်သူက မရှိဘူး။ 

တကယ့်ရန်သူတော်က “ခရိုနီ-အရင်းရှင်-မာဖီးယား-စစ် အစုအဖွဲ့”တဲ့။

ကျုပ်တို့ လမ်းမလွဲစေချင်လို့ တည့်စေချင်တဲ့ စေတနာနဲ့ ရေးဖွဲ့လိုက်တဲ့ ကဗျာလို့ထင်တာပါပဲ။ 

ဒါကြောင့် ကျုပ်လည်း ဘာသာပြန်ကြည့်လိုက်ပါတယ်။ 

လူတွေတလွဲတွေးနေတာကို စိတ်ပညာရှင်က “focusing illusion” လို့ဆိုတယ်။ 

တလွဲအာရုံရောက်နေခြင်းတဲ့။ ခင်ဗျားတို့ ဖတ်ဖူးမှာပါပဲ။ 

ဒင်နီရယ်ခန်နာမင် (Daniel Kahneman) ရဲ့ မြန်မြန်တွေးခြင်း၊ ဖြေးဖြေးတွေးခြင်း စာအုပ်ကို။
 
ဒင်နီရယ်ဟာ သိခြင်းစိတ်ပညာရှင်၊ နိုဘဲလ်ဆုရတယ်။ သူနဲ့ သူ့ဇနီးဟာ ကာလီဖိုးနီးယား၊ ဘာကလေ ကနေ နယူးဂျာစီ၊ ပရင်စတန်ကို ပြောင်းဖို့၊ မပြောင်းဖို့ ငြင်းခုန်ကြတယ်။ 

သူ့ဇနီးက အရှေ့ပိုင်း နယူးဂျာစီက လူတွေ ဟာ ကာလီဖိုးနီးယားက လူတွေလောက် မပျော်ရွှင်ကြဘူး လို့ဆိုတယ်။ 

ဒင်နီက အဲသလိုမဟုတ်တန်ဘူးလို့ တွေးတယ်။ 

ဒါပေမယ့် ဇနီးနဲ့ ပြန်ငြင်းမနေဘဲ ဒင်နီရယ်ဟာ သုတေသနလုပ်တယ်။ 

ကာလီဖိုးနီးယားမှာ နေထိုင်သူတွေဟာ ပိုပြီးပျော်ရွှင်ကြတယ်လို့ လူတွေက ယုံနေကြသော်လည်းပဲ၊ တကယ်ကျတော့ ကာလီဖိုးနီးယားမှာ နေသူတွေဟာ အိုဟိုင်ယို၊ မီချီဂန်မှာ နေတဲ့သူတွေနဲ့နှိုင်းရင် ဘ၀ကိုပိုကျေနပ်နေသူတွေ မဟုတ်ပါဘူးလို့ သုတေသနက တွေ့တယ်။


ဒါဖြင့် ဘာဖြစ်လို့ ကာလီဖိုးနီးယားတွေဟာ ပိုပြီးပျော်ရွှင်ကြတယ် လို့ လူတွေက ထင်ရတာတုန်း။ 

ဒေသနှစ်ခုကြားက သိသာတဲ့ ခြားနားချက်တခုဖြစ်တဲ့ ရာသီဥတုကိုပဲ လူတွေက ပိုပြီးအာရုံစိုက်ကြလို့တဲ့။ တလွဲအာရုံရောက်မှု (focusing illusion) တဲ့။ 

အာရုံရောက်မှုအလွဲဟာ ကိစ္စတခုခု အတွေ့အကြုံတခုခုဟာ ထူးထူးခြားခြား ထင်သာမြင်သာ ကွဲပြားနေရင်ဖြစ်တတ်တယ်။ 

လူဟာ ကျယ်ကျယ်ပြန့်ပြန့် မစဉ်းစားတော့ဘဲ ထင်သာမြင်သာတဲ့ အချက်အပေါ်ပဲတည်ပြီး ဆုံးဖြတ်တော့တာပဲ။

နိုင်ငံခြားမှာနေတဲ့ ကိုရွှေမိတ်ဆွေက ကျုပ်တို့ဟာ တလွဲမှာအာရုံရောက်နေကြတယ်လို့ စဉ်းစားတယ်။ ကျုပ်တို့ အနေနဲ့ ကျုပ်တို့ရဲ့ အာရုံကို ကျယ်ကျယ်ပြန့်ပြန့်ရောက်အောင် လုပ်ကြဦးစို့။ လောလောဆယ်မှာ အရေးကြီးတာတွေကိုလည်း အာရုံစိုက်ကြဦးစို့။



အယ်ဒီတာ့ထံ ပေးစာ

ဧရာဝတီ စာဖတ်ပရိသတ်တဦး






1 comment:

  1. ကျွန်တော်တို့ လူငယ်တွေ လစာကောင်းကောင်း ရနေကြပြီ ၁၀တန်းလောက်ဆိုရင်တောင် companyမှာ promoter၀င်လုပ်ပြီး ကြိုးစားရင်ကြိုးစားသလို ရလာပြီ အရင် $၈၀၀လောက်ရရင် အခု ၁၅၀၀$ လောက်ရနေပြီ ခင်ဗျားပြောသလောက် မဆိုးပါဘူးဗျာ အလုပ်အကိုင် အခွင့်အလမ်းတွေ အရင်ကထက် စာရင်များလာပါပြီ။ အိမ်ယာမဲ့တွေက တကမ္ဘာလုံးမှာ ရှိပါတယ် ဘယ်စနစ်ဘယ်အစိုးရကမှ တာဝန်မယူနိုင်ပါဘူး သူတို့သားသမီးတွေ ပညာရေး ကျန်းမာရေးလောက်ပဲ တာဝန်ယူလို့ ရပါမယ် လယ်ပိုင်ယာပိုင် အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့ကိုယ့်ဘာသာ ကြိုးစားရပါမယ်

    ReplyDelete