Pages

Monday, May 5, 2014

ပြင်းထန်တဲ့ ငလျင်တခု လှုပ်ခတ်သွား

အင်းအားပြင်းထန်တဲ့ ငလျင်တခု ဟာ ဒီကနေ့ မေလ ၅ ရက်နေ့ ညနေပိုင်းမှာ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်းခရိုင်နားမှာ ဗဟိုပြုပြီး ထိုင်းစံတော်ချိန် ညနေ ၆ နာရီခန့်က လှုပ်ခတ်သွားခဲ့ပါတယ်။ 


အမေရိကန်ပြည်ထောင်စု ငလျင်တိုင်းထွာတွက်ချက်မှုအရ ထိုင်းမြောက်ပိုင်း ချင်းရိုင်မြို့ အနောက်တောင် အရပ်ရှိ မဲလောင်ဒေသအနီးတွင် ဗဟိုပြုပြီး ၆.၀ မဂ်နီကျူ ပြင်းထန်ပြီး ချင်းရိုင်နဲ့ အနီးတဝိုက်မှာ လမ်းနဲ့ အဆောက်အဦတချို့ ကွဲအက်မှုတွေဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။ 

 earthquake today က ဖော်ပြထားတဲ့ ဒီကနေ့ လှုပ်ခတ်သွားတဲ့ ငလျင်နဲ့ပတ်သက်တဲ့ ဖော်ပြချက်


ဒီအပြင် မြန်မာနိုင်ငံတွင်း တာချီလိတ်ခရိုင်နဲ့ တာလေ ဒေသမှာလည်း ပြင်ထန်တဲ့ ငလျင် လှုပ်ခတ်မှု ရှိခဲ့တယ်လို့ တာချီလိတ်မြို့ခံတွေက ပြောပြီး ငလျင်အတွက် စိုးရိမ်မှုတွေဖြစ်နေကြတယ်လို့ သိရပါတယ်။ 

မြန်မာနိုင်ငံ ရန်ကုန်နဲ့ အနီးတဝိုက်ဒေသတွေမှာလည်း အလားတူ ပြင်းထန်တဲ့ ငလျင်လှုပ်ခဲ့တယ် လို့ ဒေသခံတွေက ပြောကြပြီး လူတွေလည်း စိုးရိမ်မှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 

လှုပ်ခတ်သွားတဲ့ ငလျင်နဲ့ပတ်သက်ပြီး အပျက်အစီးတွေ ရှိတယ်၊ မရှိဘူး၊ ရှိရင်လည်း ဘယ်လောက်ရှိ တယ်ဆိုတာ အသေးစိပ် မသိရသေးပါဘူး။ 


အိမ့်သံစဉ် ~ 









 

No comments:

Post a Comment