Pages

Friday, May 9, 2014

ပျောက်သွားတဲ့ မြောက်ဒဂုံပေါ်တော်မူဘုရား ၇ ဆူ ချက်ချင်းပြန်တွေ့

~


       

  .

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ် ၊ အမှတ် ၁၆ ရပ်ကွက်ရှိ မြို့ဦးစေတီ၏ တောင်ဘက်မုဒ်တွင် လှူဒါန်းထားသော ပေါ်တော်မူ ဘုရား ၇ ဆူမှာ တနင်္ဂနွေနေ့က  ပျောက်ဆုံးသွားသော်လည်း နာရီပိုင်းအတွင်း ပြန်လည် ရှာဖွေနိုင်ခဲ့ကြောင်း အဆိုပါရပ်ကွက်၏ အုပ်ချုပ်ရေးမှူးက ပြောသည်။

ပျောက်ဆုံးသွားသော ဘုရား ၇ ဆူမှာ လွန်ခဲ့သော နှစ်လခန့်က မြောက်ဒဂုံမြို့နယ် ၊ ၃၇ ရပ်ကွက်တွင် မြို့နယ် လျှပ်စစ်ဓါတ်အားပေးရေးဌာနက ရေမြောင်းတခု တူးဖော်စဉ် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ပေါ်တော်မူ ဘုရားအဖြစ် မြို့ဦးစေတီသို့ ပို့ဆောင် လှူဒါန်းပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

“ပျောက်သွားလို့ ရဲနဲ့ မြို့နယ်ကို သတင်းပို့လိုက်တယ်။
သူတို့ တာဝန်ရှိသူတွေ လိုက်ရှာကြတော့ မြို့ဦးစေတီနားက ကားဂိတ်မှာ ကျွတ်ကျွတ်အိတ် အမည်းနဲ့ ထုတ်ထားတဲ့ အထုတ်တခုထဲမှာ ပြန်တွေ့တယ်။
ရွှေရောင်လေး ၀င်းနေတော့ တန်ဖိုးရှိတယ် ထင်ပြီး ယူသွားပုံရတယ်” ဟု  အုပ်ချုပ်ရေးမှူး ဦးဝင်းတင်က ဧရာဝတီသို့ ပြောသည်။

တနင်္ဂနွေနေ့က လျှပ်စစ်မီး အတန်ကြာ ပြတ်တောက်သွားချိန်တွင် ပျောက်ဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပေါ်တော်မူ ဘုရား ၇ ဆူနှင့် အမြုတေ ၁ ဆူ ကို  အများပြည်သူ ဖူးမြော်ကြည်ညိုနိုင်ရန် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ နဂိုမူလ ထားရှိရာ ဘုရားတောင်ဘက်မုဒ်တွင် ပြန်လည် အပူဇော်ခံထားကြောင်း မြောက်ဒဂုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ညွှန့်က ဧရာဝတီသို့ ပြောကြားသည်။

 




.

No comments:

Post a Comment