Pages

Friday, May 9, 2014

ဖုန်းမဝယ်ပေးရင် ဆန္ဒပြပွဲ ဝင်မယ်

မိုဘိုင်းဖုန်း သုံးနေသော ထိုင်းဆယ်ကျော်သက် တစ်ဦး (ဓာတ်ပုံ - ငြိမ်းဇော် / ဧရာဝတီ)
အမေ “ဝယ်ပေးရင် ပေး၊ မပေးရင် ဆန္ဒပြပွဲထဲ ပါမယ်” ဆိုပဲ။

ဒီစကားလုံးက ထိုင်းနိုင်ငံမှာ ရေပန်းစားနေတာ ကြာပါပြီ။ တနေ့က ထိုင်းအသိတယောက် သူ့သားက စမတ်ဖုန်းတလုံး လိုချင်လို့တဲ့။ မဝယ်ပေးနိုင်တော့ အမေကို အဲဒီ စကားလုံးနဲ့ ခွန်းတုန့်ပြန် လိုက်တာ ကြားလိုက်တယ်။

ထိုင်းနိုင်ငံမှာ ဆန္ဒပြပွဲထဲ ဝင်ပါမယ်ဆိုရင် တရက်ကို ထိုင်းဘတ် ၅၀၀ ဝန်းကျင် (မြန်မာကျပ် - တစ်သောင်းခွဲ ဝန်းကျင်) နေ့တွက် ကိုက်နေတော့ မိဘတွေကို လက်ဖြန့်စရာ မလိုဘူးလို့ လူငယ်တွေက ခံယူထားကြတယ်။

ဈေးကြီးတဲ့ ခေတ်ပေါ် စမတ်ဖုံးတွေကို အလိုကြီးလွန်းတဲ့ ထိုင်းဆယ်ကျော်သက် လူငယ်တော်တော် များများကတော့  ဒီနည်းနဲ့ဘဲ ဖြေရှင်းလာကြတယ်။ မိဘတွေ အတွက်တော့ ရတက်မအေးရရှာဘူး။

ထိုင်းနိုင်ငံမှာက ရှပ်နီအဖွဲ့နိုင်ရင် ရှပ်ဝါအဖွဲ့က ဆန္ဒပြ၊ အဝါရောင်တက်ရင် အနီက ဆန္ဒပြနဲ့ အပြိုင်ကြဲနိုင်တာက ဒီ ၂ ဖွဲ့ပဲ ရှိတာကိုး။ အခုလည်း အနီက ဝန်ကြီးချုပ် ရာထူးကနေ ဆင်းပေးရပြန်ပြီ။

ငြိမ်းဇော်

No comments:

Post a Comment