Pages

Wednesday, May 14, 2014

ရာဇာမင်း ကားမှောက်မှု အသက်ဆုံးသူတွေအတွက် လျော်ကြေး ပေးမယ်

 ပြီးခဲ့တဲ့ မေ လ ၁၂ ရက်နေ့ ညက တိမ်းမှောက်သွားခဲ့တဲ့ ရာဇာမင်း ကားတိမ်မှောက်မူမှာ အသက်ဆုံးရှုံး သွားခဲ့ ရတဲ့ ခရီးသည်တွေ အတွက် အာမခံ လျော်ကြေးငွေတွေကို မကြာခင် ရက်ပိုင်းအတွင်းမှာ ထုတ်ပေးနိုင်ဖို့ ကို စီစဉ်နေတယ်လို့ ဘဏ္ဍာရေး ဒု ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောတာကို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာ မှာ ရေးသားထားတာ တွေ့ရပါတယ်။ 

 ရာဇာမင်းကားကို ကရိန်းနှင့် မယူနေစဉ်။(ဓာတ်ပုံ-စိုးမင်းလွင် Facebook)

ယာဉ်တိမ်းမှောက်တုန်းက အသက်ဆုံးရှုံးခဲ့တဲ့ ခရီးသည် တဦးအတွက် အာမခံကြေး ကျပ် ၁၀ သိန်း အထူး ခရီး သွား အာမခံကြေးငွေကတော့ ကျပ် သိန်း ၃၀၊ ထိခိုက် အာမခံကြေးငွေ ကျပ် ၅ သိန်း၊ စုစု ပေါင်းငွေ ကျပ် သိန်း ၄၅ သိန်းနှုန်းစီကို အသက်ဆုံးရှုံးခဲ့တဲ့ သက်ဆိုင်ရာ မိသားစုဝင်တွေကို အာမခံ ထုတ်ပေးသွား မှာဖြစ်ပါတယ်တဲ့။ 

ဒီအပြင် ကျန်တဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ဒဏ်ရာအခြေအနေအလိုက် ခရီးသွား အာမခံကြေးငွေကျပ် ၁ သောင်း ကနေ ၂၄ သိန်း ထိ ပေးလျော်သွားမယ်လို့လည်း ရေးထားပါတယ်။ 

လက်ရှိ အခြေအနေမှာတော့ ဒဏ်ရာရနေသူတွေဟာ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံးမှာ ဆေးကု သမှု တွေ ခံယူနေကြပါတယ်။ 

အခုလို မကြာခဏဆိုသလို ရန်ကုန်- နေပြည်တော်- မန္တလေး အမြန်လမ်းတလျှောက် ယာဉ်တိမ်းမှောက်မှု နဲ့ လူ သေမှုတွေ ဆက်တိုက်ဖြစ်နေတာကို အခုလို လျော်ကြေးပေးတာတွေဟာ ကောင်းတဲ့ လုပ်ရပ်ဖြစ်ပေ မယ့် တကယ့် အရေးတကြီး လိုအပ်တာက ဒီ သေမင်းတမန် အမြန်လမ်းတလျှောက် ယာဉ်မတော် တဆ
ဖြစ် မှုတွေ မရှိပဲ လုံခြုံဘေးကင်းစေတဲ့ အမြန်လမ်းမကြီးဖြစ်ရေး ဦးစားပေး လုပ်ဆောင်တည်ဆောက်ပြုပြင် သင့်တယ်လို့ လူအများက ဝေဖန်ထောက်ပြနေပါတယ်။ 


အိမ့်သံစဉ် ~ 


 

.






 

No comments:

Post a Comment