Pages

Monday, May 12, 2014

နန်းသီရိမောင် နှင့် Car Accident တဲ့လား???

နန်းသီရိမောင်က သူဟာ ကား ထိခိုက်မှု မရှိခဲ့ပါဘဲ ဂျာနယ်တခုက အဲဒီလိုရေးသားခဲ့လို့ အခုလို တုံ့ပြန်ရေး သား ထားပါတယ်။ ဒါမျိုးတွေလည်း သတိပြု ဆင်ခြင်စရာတွေဖြစ်လို့  နန်းသီရီမောင် ရေးသားထားတဲ့ အတိုင်း သင်ခန်းစာတခုအဖြစ် ပြန်လည် ဖော်ပြပေး လိုက်ပါတယ်။ 

 ဓာတ်ပုံ- နန်းသီရိမောင်

နန်းသီရိမောင် နှင့် Car Accident တဲ့လား??? 

Media နဲ့ အနုပနညာရှင်တွေက ကိုင်းကျွန်းမီ ကျွန်းကိုင်းမှီ ပါ..
သမီးကိုအဆက်အသွယ်မရပဲနဲ့ interview မလုပ်ခဲ့ပဲနဲ့ သမီးမဖြေခဲ့ပဲနဲ့ရေးခဲ့တဲ့သတင်းတွေကို ကာယကံ ရှင်ကပဲ အသိစိတ်နဲ့တာဝန်ယူပေးစေချင်ပါတယ်ရှင့် 

သမီးဘ၀မှာ မဟုတ်စကားတွေကို အဟုတ်လုပ်ပြီးပြော စာတွေသတင်းတွေလုပ်ကြံရေး ဗလောင်းဗလဲ လုပ်တာကို အရမ်းမုန်းလို့ပါ.. 

မန္တလေး အာရုံဦး ဂျာနယ်ရှိတာဝန်ရှိသူများရှင့် 

သမီးinterview မဖြေပဲ Facebook က လက်မတော်တစ ဒဏ်ရာရထားပြီး ကားစီယာတိုင်ပေါ်လက်တင်ပြီး ရိုက်ထားတဲ့ပုံကို Car Accident ဖြစ်ပါတယ် ဆိုပြီးသတင်းအမှားကိုအမှန်လုပ်ပြီးရေသားထားမှုအပေါ် လူကြီးလူကောင်းပီသ ယဉ်ကျေးစွာ တာဝန်သိသိဖြေရှင်းပေးစေလိုပါတယ်ရှင့်...

တစ်ခြားဂျာနယ်တွေမှာလည်း ကျွန်မလက်မတော်တစဒဏ်ရာရမှုကို interview ဖြေထားပေးပါတယ်ရှင့်... 

ကျွန်မph ဆက်တော့ ph ကိုချပြစ်တာတွေ မအားလို့နောက်မှပြန်ဆက်မယ်လို့ပြောတာတွေ ကိုယ်လုပ်မိတဲ့ အမှားကို ခေါင်းရှောင်တာတွေဟာ လူသားမဆန်ဘူးလို့သိထားတဲ့အတွက် လူကြီးလူကောင်းမပီသဘူးလို့ ထင်ပါတယ်။ 

သတင်းကိုပြန်လည်ပြီးအချိန်မီမပြင်ဆင်နိုင်ခဲ့ရင်တောင် အမှားသိပြီး ကျွန်မကို "တောင်း ပန် ပါ တယ်" ဆိုတဲ့ စကားလေးလုံး နဲ့အချိန်မီတောင်းပန်ရင် ကျေနပ်ခေါင်းငုံ့ခံမဲ့ ကျွန်မပါ..

 ကျေးဇူးတင်ပါတယ်ရှင့် ...... 

နန်းသီရိမောင် 

တဆက်တည်း ကြုံတုံးလေး  နန်းသီရိမောင် ရဲ့ မော်ဒယ်ဓာတ်ပုံ ဘယ်လို ပို့စ် ပေးရသလဲ ဆိုတာ သူတင်ထားတဲ့ ဗွီဒီယိုကလစ်လေးကိုဖော်ပြပေးလိုက်ပါတယ်။ 







အိမ့်သံစဉ် ~











No comments:

Post a Comment