Pages

Sunday, May 4, 2014

George Clooney နဲ့ စေ့စပ်လိုက်တဲ့ အမျိုးသမီးက ဘယ်သူလဲ

~

 

 



ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဟောလိဝုဒ်မှာ လူပြောအများဆုံးသတင်းတပုဒ်ကတော့ မင်းသားကြီး George Clooney   စေ့စပ်ကြောင်းလမ်းပြီ ဆိုတဲ့ သတင်း ဖြစ်ပါလိမ့်မယ်။

အဲဒီအမျိုးသမီးက ဘယ်သူလဲ။

သူက သရုပ်ဆောင်လည်းမဟုတ်၊ မော်ဒယ်လည်း မဟုတ်။
သူက ဗြိတိန်က ရှေ့နေ Amal Alamuddin ဖြစ်ပါတယ် တဲ့။

မင်းသားကြီးက ၅၂ နှစ်။ သူက ၃၆ နှစ်။

မင်းသားကြီး သူနဲ့ တွဲနေတယ် ဆိုတဲ့သတင်း အမေရိကန်စာစောင်တချို့က ဖော်ပြခဲ့ဖူးပါတယ်။
အခုတော့ နာမည်နဲ့တကွ ဖော်ပြနေကြပြီပေါ့။ ဧရာဝတီဘလော့ http://blog.irrawaddy.org ပရိသတ်အတွက် သူ့အကြောင်း ရှာဖွေဖတ်ရှုပြီး ပြောရရင် သူက Oxford (St. Hugh's College) ကနေ ကျောင်းပြီးတယ်။
နိုင်ငံတကာဥပဒေ၊ လူ့အခွင့်အရေး စတဲ့ ဘာသာရပ်တွေနဲ့ ထိတွေ့နေတဲ့ ရှေ့နေတယောက်လို့ ဆိုတယ်။
ပြီးတော့ New York University School of Law မှာ ပညာသင်ခဲ့သူပါ။
 ပြင်သစ်၊ အာရဗီ စကားတွေလည်း တတ်တယ်လို့ ဆိုတယ်။
အာရဗီ စကားတတ်မြောက်ရခြင်းကတော့ သူနဲ့သူ့မိသားစုက အရှေ့အလယ်ပိုင်းဒေသကနေ အနောက်တိုင်းကို ရွှေ့လာသူတွေဖြစ်တာကြောင့်လို့ ဆိုရမယ်။

ဝီကီလိ တည်ထောင်သူ ဂျူလီယန်အဆန့်ရဲ့ အမှုတခုကို ၂၀၁၁ က ကိုင်တွယ် ဆောင်ရွက်ခဲ့ဖူးပါတယ်။
ဥပဒေပိုင်းဆိုင်ရာတွေ ရေးသားတဲ့ စာရေးဆရာလည်း ဖြစ်ပါတယ်။

သူတို့နှစ်ယောက်လုံး နိုင်ငံရေး လူ့အခွင့်အရေးဘက်ကို အားသန်တယ်လို့ ဆိုနိုင်ပါလိမ့်မယ်။

၂၀၁၂ ခုနှစ်မှာ မင်းသားကြီးက ဆူဒန်အာဏာရှင်အစိုးရကို ၀ါရှင်တန်မြို့ ဆူဒန်သံရုံးအပြင်ဘက်မှာ ဆန္ဒပြခဲ့ဖူးပါတယ်။
 






 

.

No comments:

Post a Comment