Pages

Tuesday, May 6, 2014

NLD ပါတီက ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လာမယ့်ရွှေးကောက်ပွဲတွေအတွက် ကြိုတင်ပြင်ဆင်တဲ့အနေ နဲ့ ဗဟို ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီကို ဖွဲ့စည်းလိုက်ပါပြီ။ 


မေလ ၅ ရက်နေ့က ကျင်းပခဲ့တဲ့ NLD ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီရဲ့ အစည်းအဝေးဆုံးဖြတ် ချက် နဲ့ အခုလို ဦးတင်ဦး၊ ဦးဉာဏ်ဝင်း၊ ဦးသိန်းဦး၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးမောင်မောင်ဦးတို့ ပါဝင်တဲ့ ဗဟို ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ 

ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီအနေနဲ့ လုပ်ဆောင်ချက်တွေဟာ လာမယ့် ကြားဖြတ်
ရွေးကောက်ပွဲတွေအတွက်လား၊ ၂၀၁၅ ရွေးကောက်ပွဲကြီးအတွက်လား ဆိုတာ ကြေညာချက်မှာ သဲသဲကွဲကွဲဖော်ပြမထားပါဘူး။ 


တဆက်တည်းမှာပဲ NLD ပါတီဟာ ပါတီလုပ်ငန်းစဉ်တွေ အထောက်အကူဖြစ်စေရေး ဗဟို သုတေသန လမ်းညွှန်အဖွဲ့ကိုလည်း မေလ ၅ ရက်နေ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်း တာဝန်ပေးလိုက်ပါတယ်။

အဲဒီအဖွဲ့မှာတော့ ဦးဟံသာမြင့်၊ ဒေါက်တာ ကြည်စိုး၊ ဒေါက်တာ လှမြတ်သွေး၊ ဒေါက်တာမြင့်စန်း၊
ဒေါ်ခင်မမမျိုး၊ ဦးမျိုးရန်နောင်သိန်းတို့နဲ့ ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။



အိမ့်သံစဉ် ~ 


 






 

No comments:

Post a Comment