Pages

Thursday, June 19, 2014

ဟိန္ဒူ နတ်ဘုရား ဟာနုမာန် ဝင်စားသူလို့ ယုံကြည်ခံရသူ

အာရှစ် အလီခန်းဆိုသူကလေးကို အိန္ဒိယနိုင်ငံ ပန်ဂျပ် ပြည်နယ်မှာ မွေးဖွားခဲ့တယ်။ သူ့အသက်က အခု ၁၃ နှစ်၊ သူမှာ ထူးခြားတာက မြီးညောင့်ရိုးမှာ ၁၃ လက္ခရှည်တဲ့ အမြီးတခုက မွေးရာပါ လာတယ်။ 
သူ့ကို မျောက်အသွင်းယူထားတဲ့ ဟာနုမာန် ဟိန္ဒူ နတ်ဘုရား ဝင်စားတယ်လို့ လူတွေက ယူဆပြီး သူ့ကို ကိုးကွယ်နေကြတယ်။ 


ဓာတ်ပုံ- The Mirror

နောက်ထပ် ထူးခြားတာက သူက ငယ်စဉ် ကလေးဘဝကတည်းက ဘီးတပ်ကုလားထိုင်နဲ့ ဖြတ်သန်းလာရ သူပါ။ အာရှစ် အလီခန်းကိုယ်တိုင်ကလည်း သူ့ကို ဘုရားသခင်က ဒီ သူနောက်မှာ ပေါက်နေတဲ့ အမြီး ကို ပေးသနားတယ်လို့ ယုံကြည်နေတယ်။ 

ဒီအမြီး သူ့မှာ ပေါက်နေလို့လည်း ထူးထူးထွေထွေ သိပ်မခံစားရပါဘူးတဲ့။ အလီခန်းအသက် ၄ နှစ်သား အရွယ်တုန်းက သူ့ အဖေဆုံးပါးသွားခဲ့ပြီး နောက် သူ့မိခင်ကလည်း နောက်အိမ်ထောင် ပြုသွားခဲ့ပါတယ်။ 

နောက်ပိုင်း အဖိုးဖြစ်သူရယ် ဦးလေး ၂ ယောက်ရယ်နဲ့ နေထိုင်လာခဲ့ရတာလို့ The Mirror က ရေးပါတယ်။

ဟိန္ဒူ ဂီတဆရာတဦးက ပြောတာမှာတော့ အလီခန်းအသက် ၁ နှစ်သား စကားစပြောစဉ်တုန်းက သူက ဟိန္ဒူဘုရားတွေရဲ့ အမည်နာမတွေကိုပဲ ပြောခဲ့တာပါတဲ့။ 

ဒီလိုကိစ္စတွေနဲ့ အရပ်ထဲ ၊ ရွာထဲ နာမည်သတင်းကြီးလာခဲ့ပြီး အခုတော့ သူ့ဆီကို လာရောက်ဖူးမျှော်သူတွေ တနေ့တနေ့ လူ ၂ဝ၊ လူ ၃ဝ ရှိပါတယ်တဲ့။ သူက သတင်းဌာနကို ပြောတာကလည်း စိတ်ဝင်စားစရာပါ။ 

 " ဘယ်သူကမှ ကျနော့်ကို နောက်ပြောင် ကျီစယ်တာမျိုး မလုပ်ကြဘူး၊ အင်း ဒါပေမယ့် သူတို့က ဆက် တိုက် မေးနေတာတခုကတော့ ကျနော့် အမြီးကို ကြည့်ချင်ကြတာပါဘဲ" လို့ အလီခန်းက ပြောပါတယ်။ 

အလီခန်းလို အမြီးပေါက်တဲ့ လူသား ၊ အလားတူဖြစ်ရပ်မျိုးတွေက အိန္ဒိယမှာ မကြာခဏ ပေါ်ထွက်လေ့ ရှိပါတယ်။  ဆေးပညာအရတော့ သေချာ တိကျတဲ့ ဖော်ပြချက်မျိုး ရှိမှာပါ။

အလီခန်း ဘဝ ဖြတ်သန်းမှု မှတ်တမ်း ဓာတ်ပုံတွေကို ဖော်ပြလိုက်ပါတယ်။











အိမ့်သံစဉ် ~ 











No comments:

Post a Comment