Pages

Saturday, June 14, 2014

ဘရာဇီးလ်ရောက် ဆာမူရိုင်း

ဘရာဇီးလ်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ပွဲကြီးရှိတော့ တကမ္ဘာလုံးက သတင်း မီဒီယာ
တွေ၊ စီးပွားရေး လုပ်ငန်းတွေအကုန်လုံးက အားတက်သရော အစွမ်းကုန် အားစိုက်မှုတွေ ရှိနေချိန်မှာ ဂျပန်နိုင်ငံ ကတော့ သိပ်ပြီး မျှော်လင့်ထားပုံမရပါဘူး။ 


ဒါပေမယ့် ဂျပန်နိုင်ငံက ဆာမူရိုင်းကတော့ ဘရာဇီးကို ရောက်နေပါပြီ။ ဘရာဇီးလ်ကို ရောက်တဲ့ ဆာမူရိုင်း လည်း ဘောလုံး အစွမ်းကို သူမတူအောင် ပြလိုက်တော့ ဘောလုံး ခရေဇီဖြစ်ကြတဲ့ ဘရာဇီးလ်တွေလည်း မှင်တက် ကုန်တာပေါ့။ 

ဆာမူရိုင်း အနေနဲ့ တကိုယ်တည်း ဘရာဇီးလ်ကို လာတာတော့ မဟုတ်ပါဘူး။ ကြည့်လိုက်ရင် ၂ မိနစ်စာ ဗွီဒီယို ပြကွက်မှာ ရိုးရိုးရှင်းရှင်းလေးနဲ့ ဂျပန်ခေါက်ဆွဲ ကြော်ငြာ သွားတာပါဘဲ။ 

 ဘရာဇီးလ် ရောက် ဆာမူရိုင်း ကြွေးကြော်သံ ယူလာပါသတဲ့

‘Samurai, Fujiyama, Cup Noodle.’

  



အိမ့်သံစဉ် ~


 






 

No comments:

Post a Comment