Pages

Thursday, June 12, 2014

ကမ္ဘာ့ဖလားဖွင့်ပွဲမှာ အိမ်ရှင်ဘရာဇီးနိုင်မယ်

 ~



ဒီနှစ် ဖီဖာ ကမ္ဘာ့ဖလားဖွင့်ပွဲမှာ အိမ်ရှင်ဘရာဇီး နဲ့ ခရိုအေးရှားတို့ ယှဉ်ပြိုင်ရာမှာ အိမ်ရှင်အသင်း  နိုင်မယ် လို့ ဝေဒဆရာတဦးက ဟောကိန်းထုတ်ပါတယ်။

ဆရာဇေယျာမိုး(ဝေဒဗိမာန်)ရဲ့ အဲဒီဟောပြောချက် အပြည့်အစုံကို ကြာသပတေးနေ့ စံတော်ချိန်သတင်းစာမှာ တွေ့ရပါမယ်။

 နက္ခတ္တဗေဒပညာရပ်အားဖြင့် လည်းကောင်း၊ ကောဇာဂြိုဟ်အားဖြင့် လည်းကောင်း သုတေသန ပြုထားသမျှ တွက်ချက် ဟောပြောခြင်း ဖြစ်တယ်လို့ ဆရာက ရေးပါတယ်။

အိမ်ရှင်က အနိုင်ဂိုးရဖို့ ခက်မယ်၊ ထိခိုက်ဒဏ်ရာရမယ်၊ ခက်ခက်ခဲခဲ ကစားရမယ်၊ ပွဲပြီးခါနီးမှ ကပ်အနိုင်ရလိမ့်မယ်လို့ တွက်ပါတယ်။

ပြိုင်ဘက် ခရိုအေးရှားက ခပ်သွက်သွက် တုန့်ပြန်ကစားမယ်၊ အချိတ်အဆက် မမိ၊ ဘောလုံး အပေးအယူ မှားမယ်လို့ ဆိုပါတယ်။

ဒီပွဲ ကန်မှာက မြန်မာပြည်အချိန်နဲ့ တွက်ရင်  သောကြာနေ့ မနက် ၂း၃၀ နာရီပါ။

 ၁၉၃၀ ပြည့်နှစ်ကနေ ၄ နှစ် တကြိမ် ကျင်းပလာတာ ၁၉ ကြိမ် ရှိပါပြီ။

 ချန်ပီယံ ဖြစ်ခဲ့တာ   ၈ နိုင်ငံပဲ ရှိပါသေးတယ်။

ဥရုဂွေး
ဘရာဇီး
အာဂျင်တီးနား
အီတလီ
ဂျာမနီ
 ပြင်သစ်
အင်္ဂလန်
စပိန်

ဒီနှစ် ဘယ်အသင်း ဗိုလ်စွဲမယ် ဆိုတာကိုတော့ ထုံးစံအတိုင်း ခန့်မှန်းရ ခက်ပါတယ် ဆိုသော်လည်း   မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာ့ဘောလုံးသုတေသီများကတော့ အိမ်ရှင်ဘရာဇီးအသင်းအပေါ် အလေးပေးနေကြတယ်လို့
အထင်ကရ အားကစား ကလောင်ရှင် ခင်မောင်ထွေး (ပျဉ်းမနား)က ဧရာဝတီမှာ  ရေးထားပါတယ်။
http://burma.irrawaddy.org/sport/2014/06/11/60211.html မှာ ဖတ်နိုင်ပါတယ်။

ဘောလုံးအသင်းတသင်းရဲ့ အနိုင်အရှုံးကို ကြိုတင်ခန့်မှန်း ကြရာမှာ ဘယ်အချက်တွေကို ထည့်တွက်ဖို့ လိုအပ်တယ် ဆိုတာကိုလည်း ဝါရင့် အားကစားကလောင်ရှင်က အဲဒီမှာ ပြောပြထားပါတယ်။

 



.

No comments:

Post a Comment