~
အူရီဒူးဆက်သွယ်ရေးကုမ္ပဏီသပိတ်မှောက်ရေး လှုပ်ရှားမှုတခုကို ရန်ကုန်မှာ ပြင်ဆင်နေပါတယ်။

The logo of telecommunications firm Ooredoo is seen at the company’s head office in Doha, Qatar. (Photo: Reuters)
ဒီအကြောင်း သတင်းကို ဧရာဝတီအင်္ဂလိပ်ပိုင်းစာမျက်နှာမှာ
Burmese Nationalist Campaign to Call for Anti-Ooredoo Boycott ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးထားပါတယ်။
မူရင်းကို http://www.irrawaddy.org/burma/burmese-nationalist-campaign-call-anti-ooredoo-boycott.html မှာ ဖတ်နိုင်ပါတယ်။ ရေးထားတာကတော့ .. ဒီလှုပ်ရှားမှုကိုထောက်ခံတဲ့သံဃာတပါးဖြစ်တဲ့ မကွေးပရိယတ္တိစာသင်တိုက်က ဦးပါမောက္ခက ဒီလှုပ်ရှားမှု လာမယ့် စနေနေ့မှာ ပြုလုပ်မယ်လို့ ဧရာဝတီကို မိန့်ပါတယ်။
ဒီကုမ္ပဏီဟာ အစ္စလမ်နိုင်ငံအခြေစိုက်တဲ့အတွက် အူရီဒူး ဆင်ကတ်ကို ၀ယ်မသုံးကြဖို့၊ အူရီဒူး ဆင်ကတ်သုံးပြီးဖုန်းခေါ်လာရင် လက်ခံဖြေကြားခြင်း မပြုဖို့ အများပြည်သူကို တိုက်တွန်းမယ်လို့ မိန့်ကြားပါတယ်။
အမျိုး ဘာသာ သာသနာကို ကာကွယ်ဖို့ ဒီလှုပ်ရှားမှုကို ဖော်ဆောင်ရမယ်၊ အစ္စလမ်နိုင်ငံအခြေစိုက် ကုမ္ပဏီရဲ့ ဖုန်းလိုင်းကိုသုံးရင် ဆက်သွယ်ပြောဆိုတဲ့အခါ လုံခြုံစိတ်ချရမှုရှိမယ်မဟုတ်ဘူးလို့ ဦးပါမောက္ခက မိန့်ပါတယ်။
ဦးပါမောက္ခက ဒီ လှုပ်ရှားမှုကို ထောက်ခံတဲ့အပြင် စနေနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်နိုင်ဖို့ မကွေးပရိယတ္တိစာသင်တိုက်မှာ နေရာပေးမယ်၊ အူရီဒူးဆန့်ကျင်ရေး လှုပ်ရှားမှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက်လာမယ်လို့ ဦးပါမောက္ခက ဆက်လက် မိန့်ကြားပါတယ်။
ဒီလှုပ်ရှားမှုကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ နောက်တွန့်သွားမှာကို စိုးရိမ်တယ်၊ တဘက်မှာလည်း အစ္စလမ်နိုင်ငံတခုဖြစ်တဲ့ ကာတာ အခြေစိုက် ဒီကုမ္ပဏီကြောင့် အမျိုးဘာသာ သာသနာ ထိခိုက်လာမှာ စိုးရိမ်မိတယ်လို့ ဆရာတော်က မိန့်ပါတယ်။
အစ္စလမ်နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို ဒီနိုင်ငံမှာ ဆောင်ရွက်ခွင့် မပေးခင်မှာ အစိုးရက စဉ်းစားဖို့ လိုတယ်၊ ဆရာတော်တို့ကတော့ အစ္စလမ်နဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ကုမ္ပဏီကိုပဲ လိုင်စင် ချပေးစေလိုတယ်လို့ ဆရာတော် ဦးပါမောက္ခက မိန့်ကြားပါတယ်။
.

လိုင်းရှင်းတယ် ပြောခသက်သာတယ်ဆိုရင်တော့ ကုလား ထုတ်တဲ့ဖုန်းဖြစ်ဖြစ် အမေရိကန်ထုတ်တဲ့ဖုန်းဖြစ်ဖြစ် အဂ်လန်ထုတ်တဲ့ဖုန်းဖြစ်ဖြစ် တရုတ်ထုတ်တဲ့ဖုန်းဖြစ်ဖြစ် သုံးမှာပဲဗျာ ဘာဆန္ဒမှလည်းပြဖူး ပြချင်တဲ့သူပြ
ReplyDeleteအရေးမပါတာကို ရေးကြီးခွင်ကျယ်လုပ်နေတာ
ရေလောင်းအိမ်သာပေါ်တာမြန်မာပြည်မှာအနှစ်60ကျော်သွားပြီး၊တုတ်နဲ့ချီးကုန်းနေတဲ့ဆရာတော်တွေလည်းရှိသေးတယ်။ခေတ်အရှေ့ကိုမပြေးပဲ၊နောက်ကြိုးဆွဲခြင်နေတဲ့အုပ်စုတစုကြောင့်အတွက်လည်းရင်ခုန်စရာတွေမြန်မာပြည်မှာဖြစ်ပေါ်နေပြီး။
ReplyDeleteငါ နဲ့  မတူ ငါ့ ရန်သူ …
ရန်သူ ကို အပြတ်ရှင်းရမယ် ဆိုတဲ့  …
အစွန်းရောက် ရယ်ဒီကယ် အစွဲတွေဟာ…
ရှင်သန်ကြီးထွား
ဘယ်သူ ဘယ်ဝါ တက်မှ ဆိုတဲ့  …
ပုဂ္ဂိုလ်စွဲတွေ ပါတီစွဲတွေထက် …
တိုင်းပြည် ဖွံ့ ဖြိုးတိုးတက်ဖို့  အတွက် …
ပို အဆင်ပြေချောမွေ့ စေတဲ့  ….
ပို သေချာတဲ့  လမ်းကြောင်းကို ပဲ ...
လျှောက်လှမ်း ရွေးချယ်နိုင်ဖို့ …
နိုင်ငံရေး နယ်ပယ်ထဲက Player အားလုံးကို
တိုက်တွန်း လိုပါတယ် …
နှေးကွေးလေးလံလွန်းတဲ့ကမ္ဘာပေါ်မှာအစုတ်ပြတ်ဆုံးစောက်သုံးမကျဆုံးinternetတကယ်သုံးမရဘဲပြည်သူလူထုရဲ့ငွေကြေးတွေကိုမတရားလိမ်ညာယူနေတဲ့အရှက်မရှိတဲ့ကလိမ်ကကျစ်မြန်မာ့ဆက်သွယ်ရေးMPTကိုလည်းသပိတ်မှောက်ရုံတင်မကတရားပါစွဲသင့်တယ်
ReplyDeleteသုံးပေါ့ကွာ မင်းဟာမင်းဘာသုံးသုံး။ တစ်ခုတော့ရှိတယ် မင်ခေါ်တဲ့ဖုန်းကို ကိုင်ချင်တဲ့သူမှ ကိုင်မှာနော်။
ReplyDeleteမှန်တယ် လိုင်းကောင်းတယ် သုံးရတာအဆင်ပြေတယ်ဆိုရင် ဘယ်သူပဲထုတ်ထုတ် သုံးမှာပဲ အရေးမပါတဲ့ ကိစ္စ ရေးကြီးခွင်ကျယ် လုပ်နေတယ် လာပြန်ပြီ တစ်ကောင် စောက်ရှုးထပြန်ပြီ
ReplyDeleteဆက်သွယ်ရေး အဆင်ပြေအောင် မင်းကဘာလုပ်နိုင်မှာမို့ လဲ အဖျက်သမားတွေ
အစ္စလာမ်ကုမ္မဏိတွေနောက်တွန့်သွားပြီး ရင်းနှီးမြုပ်နှံမှု့ မလာလေ ကောင်းလေပါဘဲ။
ReplyDeleteကိုယ့် အဆင်ပြေမှု့ သေးသေးလေးဘဲ ကြည့်ပြီး နောင် သားစဉ်မြေးဆက် ဖြစ်ပေါ်လာနိုင်တဲ့ ပြဿ နာကို ခေါင်းရှောင်သွားချင်တဲ့ကောင် ရှောင်ပေါ့ ။
လုံးဝ ထောက်ခံတယ် ။ အရေးကြီးတဲ့ ဆက်သွယ်ရေးလိုမျိုး ကို ဒီလို ချပေးလိုက်တဲ့ အစိုးရ ကိုလည်း ရွံတယ်။။။။ ပြီးခု မှ အမျိုးစောင့် ဥပဒေ ဘာညာ လာလုပ်နေတယ် ..
တလွဲဆံပင်ကောင်း၊ မရောင်ရာဆီလူး
ReplyDeleteသိပ်ပြီးမျိုးချစ်ပြချင်တယ်ဆိုရင်တော့ ဗမာလူမျိုးအစစ်တို့ရဲ့ အသုံးအဆောင်တွေဖြစ်တဲ့ ပင်နီကြမ်းတိုက်ပုံ၊ ပုဆိုးကြမ်းနဲ့ တာယာဖိနပ်စီးကာ နွားလှည်းစီးပြီး သက်ကယ်မိုး၊ ထရံကာအိမ်နဲ့ နေလိုက်ကြပါလား။ သူများလူမျိုးတွေတီထွင်ထားတဲ့ အသုံးအဆောင်တွေ မသုံးကြပါနဲ့လား ခေတ်နောက်ပြန်ဆွဲချင်တဲ့ ကိုမျိုးချစ်တို့ရေ။
ReplyDeleteအစိုးရရဲ့ပြိုင်ဖက်မရှိ တစ်ခုထဲသော MPT ရဲ့ ပြည်သူအပေါ် စေတနာမပါတဲ့ အမျိုးမျိုးမရိုးနိုင်တဲ့ သွေးစုတ်တာကို နှစ်ပေါင်းများစွာခံလာခဲ့တာတောင် အမှတ်မရှိသေးတဲ့ ငတုံးတွေ။ မင်းတို့လိုလူတွေများလေ၊ MPT နဲ့ အစိုးရက ပျော်လေပေါ့။
တစ်ဖက်ကကြည့်ရင် အဲဒီလိုငတုံးတွေများလေလေ၊ အသိဥာဏ်ရှိတဲ့၊ အမြင်ကျယ်တဲ့၊ သဘောထားကြီးတဲ့ လူတွေအတွက် ခေတ်မီတဲ့ အဆင့်ရှိတဲ့ နိုင်ငံတကာသုံး ဖုန်းလိုင်းတွေကို ဈေးပေါပေါ၊ လိုင်းချောင်ချောင်နဲ့ ပိုသုံးနိုင်ကြလေလေ ပါဘဲ။
ပျော်ဈာဂျီးပဲ သပိတ်မှောက်တဲ့လူတွေမသုံးကြနဲ့ လိုင်းတောင်ပိုချောင်တေး အဟေး :D :D :D
ReplyDeleteသို့
ReplyDeleteမကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခ
ဆရာတော်မှ အော်ရီဒူး(Ooredoo) ထုတ်ကုန်များအား သပိတ်မှောက်မည့် အသံများကြားသိရပါသည်။ မွတ်ဆလင်ကုလား ဖြစ်၍ သပိတ်မှောက်ရခြင်းဖြစ်ကြောင်းလည်းသိပါသည်။ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင် များသည် အခြားဘာသာဝင်များအား အပြစ်ရှာတတ်သော ဘာသာမျိုးမဟုတ်ဟု တပည့်တော်နားလည်ပါ သည်။ တနိုင်ငံတည်းအတူနေကြပြီး ရန်ဘက်ပြုနေတတ်သော ဘာသာမျိုးမဟုတ်ပါသဖြင့် ဆရာတော်၏ သပိတ်မှောက်လိုခြင်းအပေါ် တပည့်တော်လုံးဝနားမလည်နိုင်ပါ။ ထို့အပြင် အော်ရီဒူး(Ooredoo) နှင့်ဆက်ဆံ ပတ်သက်ခြင်းကြောင့် တပည့်တော်တို့ ဆုံးရှုံးနစ်နာစရာလည်း တပည့်တော်ရှာမတွေ့ပါဘုရား။ နည်းပညာ အသုံးပြုသည့် ကုမ္ပဏီဖြစ်ပါသဖြင့် သယံဇာတလည်း မဆုံးရှုံးနိုင်ပါ။ အလုပ်အကိုင်အခွင့်အလမ်းများတိုးပွားပြီး နည်းပညာလည်း ရရှိနိုင်သည့်အတွက် အကျိုးများစရာ ကိစ္စမျိုးသာဖြစ်ပါသည်။ မွတ်ဆလင်တို့၏ ဂျီဟတ် စစ်ပွားများကြောင့်ဆိုလျှင်တော့ အော်ရီဒူး(Ooredoo)တစ်ခုတည်းသပိတ်မှောက်မနေပဲ ဗုဒ္ဓဘာသာကို နိုင်ငံ တော်ဘာသာအဖြစ်ပြဒါန်းပေးဖို့ ဆန္ဒပြလျှင်ပို၍ အကျိုးများနိုင်ကြောင်းလျှောက်ထားလိုပါသည်။
တပည့်တော်တို့နိုင်ငံသည် စစ်အာဏာရှင်လက်ချက်ကြောင့် ကမ္ဘာ နှင့်ယှဉ်လျှင် အဖက်ဖက်က နောက် ကျကျန်ခဲ့ရပြီး နည်းပညာနှင့်ပတ်သက်လျှင် ကျောက်ခေတ်လောက်နောက်ကျကျန်ခဲ့ရပါသည်။ ကမ္ဘာကြီးတွင် နည်းပညာရရှိရန် ရန်ဘက်နိုင်ငံများမှပင် ခိုးယူရသောအခြေအနေများရှိကြပါသည်။ ကိုယ်ဆီတကူးတကလာ ပေးသော အော်ရီဒူး(Ooredoo)ကိုကျေးဇူးတောင်တင်ရမည်ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရမှ စာချုပ်စာတမ်း များနှင့် ဆောင်ရွက်ခိုင်းခြင်းဖြစ်သည့်အတွက် မကောင်းလျှင် အချိန်မရွေး ‘ဂျောင်း’ ခိုင်းလို့လည်းရပါသည်။ အခု ဆရာတော်၏ ဆန္ဒသည် တယ်လီနော (Telenor) ကောင်းဖို့တဖက်သတ်ဆောင်ရွက်နေသကဲ့သို့ ဖြစ်နေပါ သဖြင့် မပြေးသော်လည်းကန်ရာရှိ အထင်အမြင်မှားစရာလည်း ဖြစ်ရပါသည်ဘုရား။ ဆက်သွယ်ရေးကဏ္ဍ နှင့် ပတ်သက်ပြီး အော်ရီဒူး(Ooredoo)ထုတ်ကုန်ကို သပိတ်မှောက်ရုံဖြင့် မွတ်ဆလင်ဘာသာကြီးလည်းပျောက် ပျက်မသွားနိုင်ပါဘုရား။ လူတစ်သန်းလောက်သုံးနိုင်ရုံ Internet လိုင်းကို လေးသန်းလောက်ကို ရောင်းထုတ်ပြီး ပြည်သူ့ပိုက်ဆံ ညာယူနေသည့် MPT နှင့်နှိုင်းစာလျှင် အများကြီးပြည်သူတွေစိတ်ချမ်းသာရမှာကို ဆရာတော် ထည့်တွက်ပေးပါဦးဘုရား။
တပည့်တော်အထင်တော့ ဆရာတော်တို့အမျိုးဘာသာသာသနာ စောင့်ရှောက်ကြပုံက ဗုဒ္ဓနည်းမကျ ဘူးလို့တပည့်တော်ထင်ပါတယ် ဘုရား။ တပည့်တော်တို့နိုင်ငံမှာ မြို့တိုင်းလိုလို တရုတ်ကုလားတွေက မြို့လည်ခေါင် ဆိုင်ခန်းတွေပိုင်ဆိုင်ကြပါတယ်ဘုရား ။ဒါကို လွန်လွန်းပြီဆိုပြီး တပည့်တော်တို့သွားရိုက်လို့မဖြစ် ပါဘူး ဘုရား။ ကိုယ့်လူမျိုးတွေ စည်းစည်းလုံးလုံးနဲ့ ဒီနေရာတွေပြန်ဝယ်လာနိုင်အောင်ကျိုးစားကြရပါမယ်ဘု ရား။ အသုံးအဖြုန်းတွေလျှော့ကြရအောင် ဆရာတော်တို့ ဆုံးမကြရပါမယ်ဘုရား။ လောင်းကစားတွေမလုပ် အောင်တားမြစ်ရပါမယ်ဘုရား။ အချောင်လိုချင်သည်စိတ်တွေ ဖယ်ရှားရပါမယ်ဘုရား။ နည်းပညာတွေတိုး တက်အောင် ကျိုးစားပြီး သူတို့နိုင်ငံတွေ သွားပြီးစီးပွားရေး နယ်ပြန်ချဲ့နိုင်အောင်သာ စွမ်းဆောင်ကြဖို့ သင်ကြား ပေးရပါမယ်ဘုရား။ ဒီလိုမဟုတ်ပါပဲ အကျိုးကျေးဇူးမရှိသည့် အချိန်ကုန် ငွေကုန် အလုပ်ပျက်မည့် သပိတ် မှောက်လုပ်ငန်းသာ လုပ်ကိုင်နေပါက တပည့်တော်ဖြင့် မြန်မာနိုင်ငံအတွက်ရင်လေးမိပါတော့တယ်ဘုရား။
ကောင်းသန့်(ပြည်)
ကောင်းသန့်(ပြည်) ရေးသားချက်ကို အပြည့်အဝထောက်ခံပါတယ်။ ကျူ ပ်တို့ မြန်မာပြည် မတိုးတက်တာ အဲဒီလို ခေတ်နောက်ပြန်ဆွဲတဲ့ လူမျိုးဘာသာစွဲ ဝါဒတွေကြီးထွားနေလို့ပါဘဲ။ အခုအချိန်မှာ ကမ္ဘာကြီးကရွာကြီးတစ်ရွာလို ဖြစ်နေလောက်အောင် တိုးတက်နေတဲ့အချိန်မှာ လူမျိုးဘာသာစွဲလုပ်နေလို့ကတော့ ရှေးကကျာက်ခေတ်လူသားဘဝကို ပြန်လှည့် သလိုဖြစ်နေမှာပေါ့။ နောက်ပြီး မေတ္တာတရားကြီးပြီး ခွင့်လွှတ်တတ်ပါတယ် ဆိုတဲ့ ဗုဒ္ဒဘာသာဟာလည်း အစိုးရရဲ့ လက်ပါးစေ ၉၆၉ အဖွဲ့ နဲ့ ဘုန်းကြီးတချို့ကြောင့် ကမ္ဘာမှာ နာမည်ပျက်ပြီး အကြမ်းဖက်ဘာသာဖြစ်ခဲ့ရပြီ။ မျိုးစောင့် ဆိုပြီး ကိုယ့်ဘာသာရဲ့ ဘုန်းကြီးကျောင်းကို အစိုးရနဲ့ခရိုနီဘုန်းကြီးတွေ ဝင်သိမ်းပြီး ချိတ်ပိတ် တာကြတော့ ဘာမှ မပြောရဲ ငြိမ်နေကြတယ်။ ဒီကြားထဲ စဉ်းစားဆင်ခြင်ဥာဏ်နည်းတဲ့ ပညာမဲ့အောက်ခြေလူတန်းစားတွေကလည်း ဘုန်းကြီးတွေပြောသမျှ အဟုတ်ထင်ပြီး လိုက်ယောင်ကြ၊ နိုင်ငံရေးပါတီတွေကလည်း ထိုင်ခုံရဖို့လုနေကြ၊ အစရိုးတဲ့အစိုးရကလည်း တရုပ်ကိုရှိသမျှအကုန်ရောင်းစား.........ဒါတွေနဲ့ဘဲ ကျူ ပ်တို့နိုင်ငံကြီးရဲ့ရှေ့ရေးကတော့ ရင်လေးဖွယ်အပြည့်ပါဘဲ။
ReplyDelete