Pages

Tuesday, June 17, 2014

အာဂျင်တီးနား ဘောလုံးသမား မက်ဆီ ဝေဖန်ခံနေရတဲ့ ရုပ်သံမှတ်တမ်း

ကမ္ဘာ့ဖလား ပွဲစဉ် ၁၁ အဖြစ် ၁၆ ရက်နေ့က ကစားခဲ့တဲ့ အာဂျင်တီးနားအသင်းနဲ့ ဘော့စနီးယားပွဲ မတိုင် ခင် မှာ အာဂျင်တီးနား ဘောလုံးစတား မက်ဆီ ကို ကလေးတယောက်က နှုတ်ဆက်ဖို့ကျိုးပမ်းရာမှာ မက်ဆီကတွေ့မြင်လိုက်ပုံမရပါဘူး။ 

 အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီ၊ ဓာတ်ပုံ- dnaindia.com

ဒါကြောင့် သူ့ကို နှုတ်ဆက်ဖို့ လက်ကမ်းနေတဲ့ ကလေးရဲ့လက်ကို မကိုင်ဘဲ ဒိုင်လူကြီးတွေရဲ့လက်ကို ဆွဲပြီး နှုတ်ဆက်သွားပါတယ်။ 

မက်ဆီနဲ့ နှုတ်ဆက်ခွင့်မရလိုက်တဲ့ ကလေးရဲ့မျက်နှာဟာ ရှက်စနိုးဖြစ်သွားပါတယ်။ 

ဒီမြင်ကွင်း Youtube မှာတက်လာ ပြီးတဲ့နောက် ကလေးကို ဂရုဏာသက်ကြတဲ့ ပရိတ်သတ်တွေက မက်ဆီကို ဝေဖန်နေကြပါတယ်။ အဲဒီရုပ်သံ မှတ်တမ်းလေးမှာတော့ မက်ဆီက ကလေးကို မြင်တွေ့ပုံ မရပေမယ့် ကလေးက မက်ဆီကို နှုတ်ဆက်ခွင့်ရဖို့ ထပ်လိုက်သွားပုံရပါတယ်။ 

 ဝေဖန်နေသူတွေကတော့ ဒီအဖြစ်အပျက်ကို မက်ဆီ ပြန်တွေ့ပြီးချိန်မှာ အဲဒိကလေးကို တောင်းပန်သင့် တယ်လို့ အကြံပြုနေကြတာလည်း ရှိပါတယ်။

  






No comments:

Post a Comment