Pages

Wednesday, June 18, 2014

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲနဲ့ သုံးရောင်ခြယ်မိသားစု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ၆၉ နှစ်မြောက်မွေးနေ့အထိမ်းအမှတ် မိတ်ဆုံစားပွဲကို သုံးရောင်ခြယ်ကျောင်းသားလူငယ်များ၊ မိသားစုများက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရှိ 
ဒေါ်လ်ဖင်စားသောက်ဆိုင်မှာ ၂၀၁၄ ခုနှစ် ဇွန်လ ၁၇ ရက်နေ့က ကျင်းပရာ ဒေါ်အောင်ဆန်းစုကြည်က အမှတ်တရစကားပြောကြားခဲ့ပါသည်။


မွေးနေ့ပွဲမှာ တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဓာတ်ပုံ- NLD

မိတ်ဆုံစားပွဲတွင် သုံးရောင်ခြယ်ကျောင်းသားများအဖွဲ့မှ ကိုမြတ်စံက အခမ်းအနားကျင်းပရခြင်း ရည်ရွယ် ချက်ကို ပြောကြားရာတွင် မိမိတို့သည် ၁၉၈၈ လူထုလှုပ်ရှားမှုတွင်ပါဝင်ခဲ့ကြပြီး နိုင်ငံရေး ပြဿနာ များ ကိုနိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည်ဟု ယုံကြည်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုကိုခံယူ ကာ 
ဒေါ်အောင်ဆန်းစုကြည်အား ၀န်းရံခဲ့သည်မှာ ၁၉၈၈ သြဂုတ်လ ၂၆ ရက် ရွှေတံဂုံစေတီတော် အနောက် ဘက်မုခ် လူထုဟောပြောပွဲမှ စတင်ခဲ့သည်ဖြစ်ကြောင်း၊ 






သုံးရောင်ခြယ်ကျောင်းသားများအနေဖြင့် မြန်မာပြည်လွတ်လပ်ရေးကြိုးပမ်းမှုကာလ တို့ဗမာအစည်းအရုံး၏ နိုင်ငံရေးလုပ်ငန်းများကို လက်ဆင့်ကမ်းတာဝန်ယူသည့်အနေဖြင့် သုံးရောင်ခြယ်အလံကို ဆက်လက် လွှင့်ထူခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖေါ်ပြောကြားပါသည်။ 

အခမ်းအနားတွင် တေးသံရှင် လင်းလင်းက ကီးဘုတ်ဇေယျာမင်း၏ တီးခတ်မှုနှင့်တွဲဖက်၍ သုံးရောင်ခြယ် သီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့ပါသည်။ 






















No comments:

Post a Comment