Pages

Wednesday, June 18, 2014

ဂျပန်-မြန်မာ စစ်ရေး ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ် မစ္စတာ Tateshi HIGUCHI တို့သည် ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်းက နေပြည်တော်တွင် တွေ့ ဆုံပြီး ၂ နိုင်ငံ တပ်မတော် ၂ ခုကြား ပူးပေါင်း ဆောင်ရွက်ရေးအပါအ၀င် ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်း
ဆောင်ရွက်ရေး ကိစ္စများ ဆွေးနွေးခဲ့ကြပါတယ်။  

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်တို့ တွေ့ဆုံစဉ်၊ 
ဓာတ်ပုံ- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ

 “ထိုသို့တွေ့ဆုံရာတွင် ရှည်လျားသည့် နှစ်နိုင်ငံ ချစ်ကြည်ရေး သမိုင်းကို ဆက်လက် ထိန်းသိမ်းရေး၊ နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်နိုင်မှု အခွင့်အလမ်းများ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက် မှု နှင့်ဆက်စပ်သည့် ကိစ္စရပ်များ၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို အထောက်အကူ ပြုစေမည့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြကြောင်း" လို့  မြန်မာသတင်းစာတွေက ထုတ်ပြန်ထားပါတယ်။

ဒါဟာ နှစ်ပေါင်း ၆၀ ကျော်ကြာပြီးမှ ၂ နိုင်ငံ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုကိုအကောင်အထည်ဖော်ဖို့ ဖြစ် ပါတယ်။ 


လွတ်လပ်ရေး စစ်ကြိုကာလက နယ်ချဲ့ ဗြိတိသျှကို ပြန်လည် တွန်းလှန်ရန် ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ရဲဘော်သုံးကျိပ်တို့က ဂျပန်နိုင်ငံတွင် စစ်ပညာ သင်ယူခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ဂျပန် စစ်ဗိုလ်မှူးကြီး ဆူဇီကီးဦးဆောင်တဲ့ စစ်တပ်များ ဝင်ရောက်ကာ ပူးပေါင်း ဆောင်ရွက်ခဲ့ပါတယ်။ 

အဲဒီနောက် ဂျပန်နိုင်ငံက ၃ နှစ်ကျော်ကြာ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့ပြီး ၁၉၄၅ ခုနှစ်နောက်ပိုင်း မြန်မာ
နိုင်ငံနှင့် ဂျပန်နိုင်ငံသည် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မရှိကြတော့ပါဘူး။ 




ဂျပန် ကာကွယ်ရေး ဦးစီးချုပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး Gen. Shigeru Iwasaki သည် လည်း မြန်မာနိုင်ငံ သို့ လွန်ခဲ့သည့် မေလကုန်ပိုင်းကလည်း လာရောက်ခဲ့ပြီး ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သမ္မတ ဦးသိန်းစိန်အပါ အ၀င် မြန်မာထပ်တန်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါသေး တယ်။ 


လင်းသန့်
.


No comments:

Post a Comment