Pages

Saturday, June 14, 2014

ဘူးရှီးဒိုးဓားနဲ့ အာဖရိကန်ဆင်စွယ်

မြန်မာ စံတော်ချိန် မနက်ဖြန် မနက် ၇ နာရီခွဲမှာ ကန်မယ့် အာရှချန်ပီယံ ဂျပန်နဲ့ အာဖရိကက အိုင်ဗရီကို့စ် တို့ ရဲ့ပွဲကလည်း ပွဲကောင်းဖြစ်ဖို့များတယ်။


အိုင်ဗရီကို့စ်၊ ကိုလန်ဘီယာ၊ ဂရိနဲ့ ဂျပန်တို့ ပါတဲ့ ဒီအုပ်စုထဲမှာ အိုင်ဗရီကို့စ်က ထိပ်ဆုံးက တစ်ပေးခံနေရ တယ်။ 

သူ့လူတွေထဲမှာ ချဲလ်ဆီးအသင်းမှာ ကစားနေတဲ့ နာမည်ကြီး ဘော်လုံးသမား ဒရော့ဂ်ဘာ၊ မန်ချက်စတာ စီးတီးက ယာယာတိုး၊ စွမ်းစီးစီးတီးက ဝီလ်ဖရက်ဘိုနီတို့ ပါတယ်။ 

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ၂ ခုမှာ မရဏ အုပ်စုထဲ ရောက်ခဲ့လို့ အုပ်စုပွဲမှာပဲ ကျန်ရစ်ခဲ့တဲ့ အိုင်ဗရီကို့စ် ဒီတခါ အုပ်စု ဗိုလ်အနေနဲ့ ရှုံးထွက်ပွဲကို ဆက်တက်မယ့် အနေအထားရှိတယ်။ 






ဂျပန်ကတော့ ဖျက်မြင်းဖြစ်နိုင်မလားပဲ။ 

၂၀၁၀ တုန်းက ဒိန်းမတ်နဲ့ ကင်မရွန်းကို နိုင်ပြီး ရှုံးထွက်ဆက်တက်သွားခဲ့တဲ့ အစဉ်အလာ ရှိ ဖူးတယ်။ ဂျပန်မှာလည်း မီလန်မှာကစားတဲ့ ကီအိစူကီဟွန်ဒါ၊ မန်ယူမှာကစားတဲ့ ရှင်ဂျီကာဂါဝါတို့ ပါတယ်။ ဒါပေမယ့် ရှေ့တန်းတိုက်စစ် အားမကောင်းဘူး။ နောက်တန်းပျော့တယ်။ 

၂၀၁၃ ကွန်ဖယ်ဒရေးရှင်းဖလားမှာလည်း တပွဲမှ မနိုင်ဘဲ ၉ ဂိုးပေးခဲ့ရတယ်။ ဒါပေမယ့် နိုဝင်ဘာမှာ နယ်သာလန်ကို သရေကန်ထားပြီး ဘယ်ဂျီယံကို အနိုင်ကန်ထားတာမို့ ပြောမရဘူး။ 

အာရှတိုက်သားချင်းတူတူ မြန်မာတွေ ဂျပန်ကို အားပေးကြမှာလား။ ဒါမှမဟုတ် အင်္ဂလန်အသင်းက အာဖရိကန်ကြယ်ပွင့်တွေကိုပဲ အားပေးကြမှာလား။ 





No comments:

Post a Comment