Pages

Friday, June 6, 2014

မန္တလေးတိုင်းဝန်ကြီးချုပ်အိမ်မီးလောင်မှု နောက်ဆက်တွဲသတင်း

 ~



 .
ဧပြီလကုန်ပိုင်း မန္တလေးတိုင်း ၀န်ကြီးချုပ်ဦးရဲမြင့်မှာ ဖြစ်ပွားခဲ့တဲ့   မီးလောင်မှုနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်ကို တရားစွဲခွင့်မရှိဘူးလို့ The Voice သတင်းစာမှာ ကြာသပတေးနေ့က ရေးထားပါတယ်။

"ပြည်ထောင်စုရှေ့နေချုပ
်ရုံး၏ ညွှန်ကြားချက်အရ ဝန်ကြီးချုပ်ကို တရားစွဲဆိုခွင့် မရှိကြောင်း" တိုင်း လျှပ်စစ်ဝန်ကြီးက ပြောတယ်လို့ သတင်းမှာ ရေးပါတယ်။

အလုပ်သမား သို့မဟုတ် စေခိုင်းခြင်းခံရသူက ပေါ့ဆခြင်း၊ ရမ်းကားခြင်း ပြုမိလို့ မီးလောင်ရင် အိမ်ရှင်ကို အပြစ်မပေးနိုင်ဘူးလို့ ဆိုပါတယ်။

ဘယ်သူ့ကို တရားစွဲမယ် ဆိုတာကိုတော့ သတင်းထဲ ရေးမထားပါ။

ဦးရဲမြင့်ဟာ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ
တခြားသော ဗိုလ်ချုပ်ဟောင်းအများအပြားနည်းတူ ပြည်နယ်/တိုင်းဒေသကြီးအဆင့် ဝန်ကြီးချုပ်တဦး ဖြစ်လာသူပါ။
ထူးခြားတာကတော့ ဒီနှစ်ဆန်းပိုင်းမှာ သူ့ရဲ့ယာဉ်တန်း တိုက်ခိုက်ခံရခြင်းပါပဲ။ သူ ထိခိုက်ဒဏ်ရာရခြင်း မရှိပါဘူး။ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူကို စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

အပေါ်ပုံ -

ဝန်ကြီးချုပ်ဦးရဲမြင့်နေအိမ် မီးလောင်မှုကို သွားရောက် ငြှိမ်းသတ်သော မီးသတ်ကားများ၊ မီးသတ်သမားများ (ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ)

ဆက်စပ် -


မန္တလေးတိုင်းဝန်ကြီးချုပ်ကို မီးပေါ့ဆမှုနဲ့ အရေးယူ 


မန္တလေးတိုင်းဝန်ကြီးချုပ်၏ မြို့ပြစီမံကိန်းများ ဥပဒေနှင့် မညီဟုဆို


Mandalay Chief Minister Facing Negligence Charge for House Fire


 Bomb Attack Hits Convoy of Mandalay Chief Minister
http://www.irrawaddy.org/latest-news/bomb-attack-hits-convoy-mandalay-chief-minister.html
 



.

4 comments:

  1. အကယ်၍များ အိမ်ရှင်က ဘိန်းဖြူသယ်ခိုင်းရင် အလုပ်သမားကထောင်ကျမှာပေါ့နော် အိမ်ရှင်ကအလွတ်ကြီးပေါ့.....အဲလိုသဘောသက်ရောက်မလားမသိဘူး.....

    ReplyDelete
  2. ဒါကတော့မဖြစ်သင့်ပါဘူးအလုပ်သမားမှာရောအိမ်ရှင်မှာ
    ပါတာဝန်ရှိတယ်

    ReplyDelete
  3. ဥပဒေက ဝန်ကြီးချုပ်တွေဆိုရင် အရေးယူလို့မရဘူးပေါ့ ဒါလား ဒီမိုကရေစီ ဆိုတာ တရားပါမျှသမှုရှိပါပေရဲ့

    ReplyDelete
  4. ညမှာမီးလောင်တဲ.သဘောပေါ. ဘယ်လိုပဲဖြစ်ဖြစ် အိမ်ရှင်မှာအပြစ်မရှိပါဘူး အိမ်ရှင်ကစိတ်ချယုံကြည်လက်ခံလို. အလုပ်သမား (သို.မဟုတ်)စေခိုင်းခြင်းခံရသူက လာစစ်ဆေးတာကို လက်ခံတာပါ ..။အဲဒီအလုပ်သမားကိုယုံကြည်လို. အိမ်ရှင်ကထပ်မစစ်ဆေးတာလည်ူးဖြစ်နိုင်ပါတယ် .. သွားစစ်တဲ. အလုပ်သမား(သို.)စေခိုင်းခြင်းခံရသှူမှာ အပြစ်ရှိပါတယ် .။။ဘာကြောင်.ဆို သူကသေချာမစစ်ဆေးလို.ပါ လျှပ်စစ်ဆိုရင်လျှပ်စစ်နဲ.သက်ဆိုင်တာမှန်သမျှစစ်ဆေးဖို.၊ ဂစ်ဆိုရင် ဂစ်နဲ.သက်ဆိုင်တဲ.နေရာတွေစစ်ဖို. ၊ နောက်ဆုံးထင်းမီးဆိုရင် ထင်းမီးနဲ.ပတ်သက်တာတွေစစ်ဆေးဖို. ဆိုလိုတာကမီးနဲ.ပတ်သက်တာမှန်သမျှအားလုံးစစ်ဆေးဖို.ပါ ...ဒီလိုစေခိုင်းခြင်းခံရသူရဲ.ပေါ.ဆမှုကြောင်. မီးလောင်ခဲ.ရင် စေခိုင်းလိုက်တဲ.သူမှာအပြစ်ရှိပါတယ် ဘာကြောင်.ဆို တာဝန်ကျေအောင် အထမ်းဆောင်တဲ. (သို.မဟုတ်) အရည်အချင်းမရှိတဲ. အလုပ်သမားကို ခန်.ထားမိတဲ.အတွက်ကြောင်.ပါ ...ဒါကြောင်. နောက်ဆုံးတော. အလုပ်သမားကို စေခိုင်းလိုက်တဲ.သူမှာပဲ အပြစ်အကြီးဆုံးဖြစ်နေပါတယ် ...

    ReplyDelete