Pages

Wednesday, June 4, 2014

မိုင်လေဆိုင်းရပ်စ်ရဲ့ဇိမ်ခံကား ပြန်တွေ့ပြီ

 ~





ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မိုင်လေဆိုင်းရပ်စ်ရဲ့  ဇိမ်ခံကား အခိုးခံလိုက်ရတာ ခုတော့ ပြန်တွေ့ပါပြီ။

ကားက ပျက်စီးတာတွေ ဘာတွေ မဖြစ်ခဲ့ပါဘူး။

သောကြာနေ့ သူ့အိမ်ကို သူခိုးဝင်ခံရတုန်းက ကား ပါသွားတယ်၊ လက်ဝတ်ရတနာတချို့လည်း ပါသွားတယ်လို့ ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ခုတော့
သူ့အိမ်က လုံခြုံရေးကင်မရာကနေ ရိုက်ကူးထားတာတွေကို   စစ်ဆေးနေပါတယ်။
ဖောက်ထွင်းသူကို ခြေရာခံဖို့ပါ။

သူ့ဇိမ်ခံကားက ဒေါ်လာတသိန်းစွန်းစွန်းပေါက်ဈေးရှိတဲ့ တံခါးလေးပေါက်၊ အဖြူရောင် Maserati Quattroporte ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း သူ့ရဲ့ ၂၁ နှစ်မြောက် မွေးနေ့မတိုင်ခင်မှာလည်း သူ့အိမ် အဖောက်ခံရပါသေးတယ်။
ကိုယ်ရေးကိုယ်တာပစ္စည်းတွေ ပါသွားတယ်လို့ သတင်းတပုဒ်က  ဆိုတယ်။

 



.

No comments:

Post a Comment