Pages

Friday, June 6, 2014

မြို့တက်ဝက်ဝံနဲ့ ကြိုးပုခက်

~




 

ဝက်ဝံနက်ကြီးတကောင် လူနေရပ်ကွက်ထဲဝင်လာပြီး ကြိုးပုခက်မှာ ဝင်အိပ်ပြီး အနားယူသွားတာကို ဓာတ်ပုံရိုက် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် Daytona Beach မြို့မှာပါ။
ပုခက်ပေါ်တက်အိပ်တယ်၊ ထွက်သွားတယ်၊ မိနစ် ၂ဝ လောက် ကြာတော့ ထပ်ရောက်လာပြန်တယ်  ...
ဒီကောင်က ခရီးသွားတယောက်လိုပါပဲလို့ အိမ်ရှင်က ဆိုပါတယ်။

အခုတော့ ကြိုးပုခက်ကို ဖြုတ်ထားလိုက်ပြီလို့ ဆိုတယ်။
ဒီဧည့်သည် ပြန်လာလို့ အိမ်ရှင်နဲ့ ပက်ပင်းတိုးတဲ့အခါ ပဋိပက္ခဖြစ်မှာကို စိုးရိမ်တာကြောင့် ဖြစ်ပါလိမ့်မယ်။

အမေရိကန်က သစ်တောတွေထဲကနေ တောကောင်တွေ ထွက်လာတတ်တာ မကြာခဏ ဖြစ်နေကျပါ။
သို့သော်လည်း ဒီဧည့်သည်လို ပုခက်ပေါ်တက်အိပ်တဲ့ကောင်ကတော့ ရှားရှားပါးပါးဖြစ်တာကြောင့် သတင်းတွေထဲ ရောက်လာတာပါပဲ။

သစ်တောနဲ့ပတ်သက်ရင် သူတို့ဆီမှာ ဥပဒေစိုးမိုးမှုအားကောင်းတဲ့အတွက်၊ ဘေးမဲ့ပေးတဲ့အလေ့ စွဲနေတဲ့အတွက် တောထဲကကောင်တွေက  လုံခြုံရေးကောင်းတဲ့သဘော ရှိပါတယ်။
နိုင်ငံတချို့မှာဆိုရင်တော့ ရပ်ကွက်ထဲ ရွာထဲ အဲဒီလို ရောက်သွားတဲ့ တောကောင်တွေဟာ ပြန်လမ်းမဲ့ ဖြစ်သွားနိုင်ပါတယ်။


  -




.

No comments:

Post a Comment