Pages

Saturday, June 14, 2014

ဧရာဝတီတိုင်းက ဝန်ကြီးချုပ်နဲ့ ရဲတွေ ဖတ်ဖို့ ပေးစာ

ဧရာဝတီတိုင်းမှာ လူကို ရိုက်နှက်ကာ ဆိုင်ကယ် လုယူထွက်ပြေးသွားမှု နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက အခုထိ ထိထိရောက်ရောက် အရေးမယူသေးတဲ့အကြောင်း တိုင်းဒေသကြီး အစိုးရနဲ့ ရဲတပ်ဖွဲ့ကို ရည်ညွှန်း တဲ့ ပေးစာ တစောင် လက်ခံရရှိထားပါတယ်။ 



ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့တို့သိရှိစေရန် တင်ပြခြင်း 

ဧရာဝတီ တိုင်းဒေသကြီး အင်္ဂပူမြို့နယ် နှင့် မြန်အောင်မြို့နယ် အစပ် ကညင်ဂူရထားလမ်းကုန်းအနီးတွင် (28-5-2014)ရက်နေ့က ဖြစ်ပွားခဲံသော ဆိုင်ကယ်ကယ်ရီသမားအား ရိုက်နက်ပြီး ပစ္စည်းလုယူထွက်ပြေး သွားသော အမှုကိစ္စနှင့် ပတ်သက်၍ လူကြီးမင်းတို့အား အောက်ပါအတိုင်း တင်ပြအပ်ပါသည်။

ဖြစ်စဉ်မှာ - (28-5-2014) ရက်နေ့တွက် ထူကြီးအသင်း ဦးတင်းဝင်း၏သမက်ဖြစ်သူ မြင့်ဇော်နှင့် သူနှင့်ပါလာသူ (အမည်မသိ) တစ်ဦးတို့ က ကျနော် ဦးမြင့်သိန်း ၏ သားဖြစ်သူ မောင်သက်စိုးဦး (ဆိုင်ကယ်ကယ်ရီမောင်းနှင်သူ) အား ထူးကြီးမြို့ အောင်ကျော်မိုး ကားဂိတ်တွင် ဆိုင်ကယ်ငှားပြီး 
မြန်အောင် မြို့နယ် ကညင်ဂူ ရွာမဘက်သို့ ခေါ်ဆောင်သွားခဲ့ပါသည်။ 

ထိုမှပြန်လာပြီး ည(၁၀း၃၀)နာရီအချိန် တွင် ကညင်ဂူရထားလမ်းကုန်းအနီှးဆိုင်ကယ်ရပ်ပြီး အပေါ့သွားစဉ် ကယ်ရီငှားလာသူ မြင့်ဇော် နှင့် သူနှင့်ပါသာသူ တို့က ဆိုင်ကယ်မောင်းသူ သက်စိုးဦးအား အုတ်ခဲကျိုးဖြင့် ထုပြီး ရထားကုန်းအောက်သို့ ပစ်ချခဲ့ပါပြီး ဆိုင်ကယ်အား မောင်းနှင်ပြီး ထွက်ပြေးသွားခဲ့ပါသည်။ 

သက်စိုးဦး မှာ အသက်မသေသော်လည်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါသည်။ ထိုည တွင် မြန်အောင်မြို့နယ် အင်ပင် ရဲစခန်းသို့သွားရောက်ပြီး အမှုဖွင့်တိုင်ကြားခဲ့ပါသည်။ 

အင်ပင်ရဲစခန်းမှ ပ/၃၈၂/၃၂၅ ပုဒ်မဖြင့် လက်ခံ အမှုဖွင့်ဆောင်ရွက်ခဲ့ပါသည်။ 

တရားခံ နှစ်ဦး မောင်း၍ယူဆောင်သွားသောဆိုင်ကယ်အား မြန်အောင်မြို့နယ် ဒေါင်းကျရှိ ဆိုင်ကယ်ပြင် ဆိုင်တွင် ဖမ်းဆီးမိပြီး၊ တရားခံ (၂)ဦး က ထွက်ပြေးသွားခဲ့ပါသည်။ 

ရဲတပ်ဖွဲ့မှ ဆိုင်ကယ်ကို ဒေါင်းကျကျေးရွာအုပ်ချုပ်ရေးမှူး အိမ်တွင် အပ်ထားခဲ့ပါသည်။ 

ရဲတပ်ဖွဲ့မှ သက်သေခံ ပစ္စည်းထိုဆိုက်ကယ်အား ရဲစခန်းတွင် သိမ်းဆည်းခြင်းမရှိခြင်း၊ ပိုင်ရှင်ထံသို့ လည်း ပြန်လည် အပ်နှံမပေးခြင်း၊ တရားခံများအားလည်း ယနေ့ထိတိုင်အောင် ဖမ်းဆီးအရေးယူခြင်း မရှိသေးသည့် အကြောင်း လူကြီးမင်းများ သိရှိအောင် တင်ပြအပ်ပါသည်။ 

ဆက်သွယ်ရန် 

ဦးမြင့်သိန်း ဖုန်း - 09 250739106 










No comments:

Post a Comment