Pages

Wednesday, June 11, 2014

သံဃမဟာနာယကကို ပီနန်ဆရာတော် တရားစွဲမည်

 ~


ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဧရာဝတီသတင်းတိုကဏ္ဍမှာ ပါဝင်ခဲ့တဲ့ သတင်းတပုဒ်ကို လေ့လာလိုသူတို့အတွက် ပြန်လည် ဖော်ပြလိုက်ပါတယ်။ 



  နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ စီမံအုပ်ချုပ်လျက်ရှိသော တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခ ကျောင်းတိုက် ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး မလေးရှားနိုင်ငံ၊ ပီနန်ဘုန်းကြီးကျောင်းမှ  ပီနန်ဆရာတော်ဦးပညာဝံသက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို ဥပဒေကြောင်းအရ တရားစွဲဆိုမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၆ ရက်နေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဦးပညာဝံသက  မိန့်ကြားသည်။ 

မဟာသန္တိသုခကျောင်းတိုက်ကို ၁၉၉၆ ခုနှစ်တွင် ပီနန်ဆရာတော်ကြီး၏ ဦးစီးဆောင်ရွက်မှုဖြင့် ပန္နက်ချခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ၂၀၀၃ ခုနှစ်တွင် ကျောင်းဖွဲ့စည်းပုံ စည်းမျဉ်းဥပဒေ မရှိခြင်း၊ လုပ်ကိုင်ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များကို ဆက်လက်ထားရှိလျှင် ကျောင်းကြီး ပျက်စီးနိုင်ခြင်း၊ ကျောင်းတိုက်တွင် အကြွေးများစွာ ရှိနေခြင်း စသည့် အကြောင်းပြချက်များဖြင့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ကျောင်းတိုက်ကို လွှဲပြောင်းရယူခဲ့ကြောင်း ပီနန်ဆရာတော်၏ မိန့်ကြားချက်အရ သိရှိရသည်။

http://burma.irrawaddy.org/short-news/2013/11/07/50605.html
မှာ ဖော်ြ်ပခဲ့တဲ့ သတင်းဖြစ်ပါတယ်။
 



.

No comments:

Post a Comment