Pages

Friday, June 20, 2014

မဟာ သန္တိသုခ သံဃာ ၅ ပါး ဒီနေ့ရုံးထုတ်မယ်

ဇွန်လ ၁ဝ ရက်နေ့ည က တာမွေမြို့နယ်က မဟာ သန္တိသုခ ကျောင်းတော်ကြီးကနေ ရဲနဲ့ မဟန ( သံဃ မဟာ နာယက) အဖွဲ့က သံဃာတော်တွေ ကဖမ်းဆီးခေါ်ဆောင်သွားပြီး အင်းစိန်ထောင်ကို လူဝတ်လဲ ပို့ခြင်း ခံရတဲ့ ဦးဥတ္တရနဲ့အပါအဝင် သံဃာ ၅ ပါးကို ဒီကနေ့ ရုံးထုတ်မှာဖြစ်ပါတယ်။ 

 ဇွန်လ ၁ဝ ရက်နေ့က မဟာ သန္တိသုခမှ သံဃာတော်များကို ဖမ်းဆီးခေါ်ဆောင်သွားစဉ်၊ ဓာတ်ပုံ- ဧရာဝတီ

သံဃာတော်တွေကို ဒီကနေ့ ရုံးထုတ်မယ့် တရားရုံးကိုလည်း ဗြိတိသျှ သံတမန်တွေ သွားရောက်မယ်လိမ့် မယ်။ 

အခုလို ဖမ်းဆီးထိမ်းသိမ်းခံ နေရတဲ့ သံဃာတော်တွေ လွတ်မြောက်ရေးအတွက် အမေရိကန်ပြည်ထောင်စု မှာတော့ အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်ကတော့ ဒီကနေ့ ဇွန်လ ၂ဝ ရက်နေ့ ဒေသ စံတော်ချိန် ညနေ ၃ နာရီက ၅ နာရီအထိ နယူးယောက်မြို့ရှိ မြန်မာကောင်စစ်ဝန် ရုံးရှေ့မှာ ဆန္ဒပြသွားဖို့ အစီအစဉ်လည်း ရှိနေပါတယ်။ 



အလားတူ ရွှေညဝါ ဆရာတော်၊ ဦးဝိရသူအပါအဝင် သံဃာတော်တချို့လည်း ဆန္ဒပြပွဲ လုပ်ဖို့ ရှိတယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်နေပါတယ်။ 

သန္တိသုခကျောင်းတော်ကြီကို ညဖက် အချိန်မတော် ဝင်ရောက်စီးနင်းကာ သံဃာတော်များကို လူဝတ် လဲ ထောင်သွင်း အကျဉ်းချခဲ့တဲ့အတွက် ၈၈ မျိုးဆက်၊ GW အပါအဝင် အဖွဲ့အစည်း အသီးသီးကလည်း ရှုတ်ချတဲ့ ကြေညာချက်တွေ ဆက်တိုက် ပေါ်ထွက်ခဲ့ပါတယ်။ 

အိမ့်သံစဉ် ~ 













No comments:

Post a Comment