Pages

Tuesday, June 3, 2014

ရွှေရည်သိန်းတန်နဲ့ သူ့ရဲ့Facebook

 ~




မြန်မာပြည်တလွှား ခရီးသွားပြီး သီချင်းဆိုနေသူများထဲမှာ ရွှေရည်သိန်းတန်လည်း ပါဝင်ပါတယ်။


အလှူ၊ မင်္ဂလာပွဲ၊ စတိတ်ရှိုး၊ ဆိုင်းဝိုင်းတို့မှာ သီဆို တင်ဆက်နေပုံတွေကို သူ့ရဲ့ ဖေ့စ်ဘုတ် https://www.facebook.com/pages/Shwe-Yii-Thein-Tan က တဆင့် တွေ့ရပါမယ်။

မြန်မာပြည်တလွှား အံ့မခန်း ထင်ရှားခဲ့တဲ့ သရုပ်ဆောင်၊ အဆိုတော်ကြီးတွံတေးသိန်းတန်ရဲ့ သမီး ဖြစ်တယ် ဆိုတဲ့အချက်ကလည်း  သူ့ကို အားပေးကြတဲ့ အဓိက အကြောင်းရင်းဖြစ်ပါလိမ့်မယ်။

သူ အသက်ဘယ်လောက်ရှိပြီဆိုတာကိုတော့ လျှို့ဝှက်မထားပါဘူး။ မတ်လ ၁၈ ရက်နေ့တုန်းက အခုလို ရေးထားတာ တွေ့ရမှာပါ ...
 

ဒီနေ့ ရွှေရည့် ၃၃ နှစ်ပြည့်မွေးနေ့လေးမှာ မုန့်ဟင်းခါး အချိန်၁၀၀ စတုဒီသာကျွေးရင်း သံဃာတော်များကိုအာရုံဆွမ်းကပ်ခဲ့ပါတယ့့် ကုသိုလ် ဟူသမျှ အမျှ ပေးပါတယ်

 ရွှေရည်သိန်းတန်က သူ့ Facebook  မှာ ပရိသတ်နဲ့ တရင်းတနှီးရှိလှပါတယ်။ သူ့ခင်ပွန်းသည်နဲ့တွဲရိုက်ထားတဲ့ပုံတချို့ တင်ထား၊ လက်ထပ်စာချုပ်ကိုပါ ဓာတ်ပုံရိုက်ပြီး တင်ထားသူပါ။

အပေါ်ဆုံးပုံကတော့ မတ်လဆန်း ကချင်ပြည်နယ်
အလှူပွဲဖျော်ဖြေရေးခရီးစဉ်မှာ ရိုက်ကူးထားတာပါ။ မြန်မာပြည်မှာ အလှူရှင်တွေ ပွဲကြည့်ပရိသတ်တွေက ဆုငွေချီးမြှင့်တဲ့အခါ ငွေစက္ကူကို အဲဒီလိုပဲ တွယ်ချိတ်ပေးတတ်ပါတယ်။ ဒီလိုအလေ့အထမျိုးကို တခြားနိုင်ငံတွေမှာ ရှိချင်မှ ရှိပါလိမ့်မယ်။သူတင်ထားတဲ့ ပုံတချို့နဲ့ ပုံစာတွေကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။ ရက်စွဲကတော့ ဓာတ်ပုံတင်တဲ့ရက်စွဲ ဖြစ်ပါတယ်။
 


.
ခန်းတီး မှ နန်စီပွန် ဒေသသို့အသွား - မေ ၎
  ဒီနေ့ ဖေ ဖေ မွေးဖွားရာ ၇ှမ်းစုကြီးကျေးရွာ မာန်ပြေ ဘုန်းတော်ကြီးပရဟိတ ဘုန်းတော် ကြီးစာ သင် ကျောင်းမှာ က လေး တွေကို မုန့် နှင့် စာရေးကိရိယာလေးတွေ လှူဖြစ် ခဲ့ပါတယ့့် အဲ့ဒီကောင်းမှုများကို အမျှပေးဝေပါတယ့့် ၊ ဖေဖော်ဝါရီ ၎

မနက်အစောကြီးကျိုက်ထီးရိုးစေတီတော်ကြီးကိုဖူးမျှော်ရင်း..
ပွဲ နှင့် ရွှေသင်္ကန်းကပ်..ဆည်းလည်းလှူ..ပြီးရွှေရည်တို့
၂ယောက်လုံး၂၄ပစ္စည်း ပဋ္ဌာန်းအရှည်ရွတ်ပြီး စေတီတော်ကြီးကို ပူဇော်ခဲ့ပါတယ်၊ ဧပြီ ၂၁
ကျေးဇူးတင်ပါတယ် ..ခိုးကူးကိုကိုတို့ရယ်:-(
ငွေကြေးထိခိုက်ပေမယ့်..အမြတ်ရလိုက်တာက
နာမည်တစ်လုံးမို့...ဘာဖြစ်ဖြစ်ကျေးဇူးပါ:-) ၊ ဧပြီ ၁၇
ထန်းတပင် အလှူ ၊ မတ် ၂၃ 
ပူလောင် ခြင်းတွေ ၊အထီးကျန်မှုတွေ ကြားထဲက တွဲခေါ်ခဲ့တဲ့ လက်တစုံ ဟာ ကျွန်မ ဘ၀ရဲ့ အားကိုးနားခိုရာ့ ဘ၀ သစ်တခုရဲ့ အသက် ရှူသံ စတင် ခြင်းပါပဲ့ ၊ ဖေဖော်ဝါရီ ၉
  ကချင်ပြည်နယ် နမ္မတီးမြတောင်ရွာက ၃ည လုံးအင်တိုက်အားတိုက် အားပေးကြတဲ့ ချစ်စရာပရိတ်သတ်ကြီးကို သတိရ လွမ်းဆွတ်မိပါတယ်၊ ဧပြီ ၈
  မြတောင်ရွာ သဗ္ဗသုခ စေတီတော်ကြီးထီးတင် ချိန်မှာ ဖီဖြိုး(ခေါ်)တေးရေးဖြိုးသီဟရေးသားပေး တဲ့ ပိုဒ်စုံရတုလေးဆိုရင်း အသံကုသိုလ်ပြုခဲ့ပါတယ် ချစ်ဆုံးတို့ရေ့ လက်ငင်းအကျိုးပေးကတော့ ဘုန်းဘုန်းကြီး က GSM sim card တကဒ်ချီးမြှင့်ခဲ့ပါတယ့့် ၊ ဧပြီ ၈
Central hotel .... ရှင်ပြုနားသအလှူတော်မင်္ဂလာပွဲ၊ ဧပြီ ၁၉




-

No comments:

Post a Comment