Pages

Saturday, July 12, 2014

လွတ်မြောက်ခြင်း

အခု ဗွီဒီယို ဖိုင်မှာ ခြင်္သေ့တကောင်က မြင်းကျားတကောင်ကို တောသဘာဝ ဖမ်းမိထားပြီး စားသောက်ဖို့ ကြိုးစားနေတာမြင်တွေ့ရပါမယ်။ 


တောသဘာဝအရ ခြင်္သေ့ဟာ သူ့အစာအတွက် သားကောင်တွေကို လိုက်လံ ဖမ်းဆီး စားသောက်တတ်
လေ့ ရှိပြီး ကံမကောင်းတဲ့ သားကောင်တွေဟာ သူ့ အစာဖြစ်သွားရလေ့ ရှိပါတယ်။ 

ကံမကောင်းလို့ ခြင်္သေ့ရဲ့ သားကောင် အဖြစ် အစားခံရတော့မယ့် ဆဲဆဲ မြင်းကျားတကောင်ကတော့ သူ့ အသက် ရှင်သန်ရေးအတွက် အစွမ်းကုန် ကြိုးစား ရုန်းကန်ပါတယ်။ 

အရှုံးမပေးပဲ သူ့ရဲ့ ရုန်းကန် ကြိုးစားမှုဟာ သူ့ရဲ့ လွတ်မြောက်ခြင်းကို ဖော်ဆောင်သွားခဲ့ပါတော့တယ်။ 

ဒီ ဗွီဒီယိုကို ကြည့်ပြီး ဧရာဝတီ ပရိသတ်တွေလည်း လွတ်မြောက်ခြင်းရဲ့ အနှစ်သာရကို ခံစား နားလည် သွားကြမယ်လို့ ယုံကြည်မိပါတယ်။

  

 
အိမ့်သံစဉ် ~ 



















No comments:

Post a Comment