Pages

Saturday, July 12, 2014

ဘရာဇီး ပရိသတ်တဦးရဲ့ အခြား တမျက်နှာ

ကမ္ဘာ့ဖလား တတိယ လုပွဲ မှာ အိမ်ရှင် ဘရာဇီး အသင်းနဲ့ နယ်သာလန်အသင်းတို့ ဒီည ကစားကြပါတော့ မယ်။ ဘရာဇီး ပရိတ်သတ်တွေလည်း သူတို့ရဲ့ အိပ်မက်တွေကို အဆင့်ရောက်လည်း ဆက်လက် သယ်
ဆောင် ထိန်းသိမ်းထားနေဆဲပါ။ 



တနေ့က ဆီမီးဖိုင်နယ်ပွဲမှာ ဘရာဇီးနဲ့ ဂျာမနီ အသင်းတို့ ယှဉ်ပြိုင်ကစားကြတော့ ထူးခြားတဲ့ ဘရာဇီး ပရိသတ်တဦး ကို မီဒီယာတွေက သတိထားမိခဲ့ကြပါတယ်။ 

သူဟာ ဘရာဇီး အသင်းအတွက် ကမ္ဘာ့ဖလား ပုံစံတူ ရုပ်တုကို ဖက်ကိုင်ထားရင်း ဂျာမနီနဲ့ ဘရာဇီး အသင်းတို့ ကစားကြရာမှာ ၇ ဂိုး ၁ ဂိုးနဲ့ အရှုံးကို ရင်ဆိုင်ခဲ့ရလို့ မျက်နှာမှာ ဝမ်းနည်းပူဆွေးနေတဲ့ ဓာတ်ပုံကိုသာ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ 

တဖက်မှာ သူဟာ ဘရာဇီးအသင်းကို အနိုင်ယူသွားခဲ့တဲ့ ဂျာမနီအသင်းရဲ့ အောင်မြင်မှုကို ထိုက်တန်တယ် လို့ ဂုဏ်ပြုနေတဲ့ ဓာတ်ပုံကို မဖော်ပြဖြစ်ခဲ့ကြပါဘူး။ 

အခုတော့ ဒီလို သူ့ရဲ့ တဖက်အသင်းရဲ့ အောင်မြင်မှုကို ထိုက်တန်တယ်လို့ အသိအမှတ်ပြု ဂုဏ်ပြုခဲ့တဲ့ ဓာတ်ပုံ ပေါ်ထွက်လာခဲ့ပြီး ဘရာဇီး ပရိတ်သတ်တဦးရဲ့ လေးစားအတုယူစရာ ဖြစ်ရပ်ဆိုတာ သင်ခန်းစာ ယူနိုင်မယ် ထင်ပါတယ်။ 

အိမ့်သံစဉ် ~ 

 








No comments:

Post a Comment