Pages

Thursday, July 24, 2014

ပျောက်ဆုံး အယ်ဂျီးရီးယား လေယာဉ်ပျက်ကျသွားကြောင်း အတည်ပြု

အယ်ဂျီရီးယား နိုင်ငံ Air Algerie လေကြောင်းလိုင်းက Burkina Faso ရှိ Ouagadougou လေဆိပ်မှ ထွက်ခွာကာ အယ်ဂျီးရီးယားသို့ ခရီးသည် ၁၁ဝ တင်ဆောင်ပြီး ဦးတည် ပျံသန်းလာတဲ့ လေယာဉ်ဟာ ပျက်ကျသွားခဲ့တာဖြစ်တယ် လို့ အယ်ဂျီရီးယားလေကြောင်းအရာရှိ တဦးက ပြောလိုက်ပါတယ်။ 




လေယာဉ်ပျက်ကျမှုနဲ့ပတ်သက်ပြီး ဘာကြောင့် ပျက်ကျတယ်ဆိုတာနဲပ  သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရ သူတွေ ဘယ်လို ရှိမယ်ဆိုတာ သဲသဲကွဲ ကွဲတော့ မသိရ သေးပါဘူး။ 

Burkino Faso ရဲ့ ပို့ဆောင်ရေး ဝန်ကြီး Jean Bertin Ouedrago က ပြောတာမှာတော့ လေယာဉ်ဟာ မုန်တိုင်း တိုက်ခတ်နေတာကြောင့် လမ်းကြောင်းပြောင်းမယ်လို့ ဒေသစံတော်ချိန် ည ၉ နာရီ ၃၈ မိနစ်မှာ သတင်းပို့ခဲ့သေး တယ်လို့ ဆိုပါတယ်။ 

“ လေယာဉ်ဟာ ပျက်ကျသွားခဲ့တယ်ဆိုတာ ကျနော် အတည်ပြုပြောဆိုနိုင်ပါတယ်” လို့လည်း အယ်ဂျီးရီးယား တာဝန်ရှိ သူ တဦးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ 
လေယာဉ်ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာတော့ အသေးစိပ်ပြောဖို့ သူက ငြင်း ဆိုထားပါတယ်။ 

 ပထမ လေယာဉ် ဟာ အဆက်အသွယ်ပြတ်သွားခဲ့ပြီး ပျောက်ဆုံးသွားတယ်ဆိုတော့ ပြင်သစ် ဂျက်တိုက်
လေယာဉ် ၂ စင်းလည်း လေယာဉ်လမ်းကြောင်းတလျှောက် ချက်ချင်း ခြေရာခံ လိုက်ခဲ့ပါတယ်လို့ ပြင်သစ် စစ်တပ် ပြောခွင့်ရ တဦးက ပြောပါတယ်။

လေယာဉ်ဟာ Burkina Faso က တက်လာပြီး တနာရီလောက်မှာ အဆက်အသွယ်ပြတ်သွားခဲ့တာလို့ အယ်ဂျီရီးယား နိုင်ငံပိုင်သတင်းဌာနက ကြေညာပါတယ်။ 

ဒါပေမယ့် အခြား တာဝန်ရှိသူတွေကတော့ အဆက်အသွယ်ပြတ်တာပဲ ပြော နိုင်ပြီး လေယာဉ်ရဲ့ ကံကြမ္မာနဲ့ ပတ်သက်ပြီး ရှုတ်ထွေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ 

လေယာဉ်လမ်းကြောင်းမှာ ရာသီဥတု ဆိုးဝါးနေခဲ့တယ်လို့လည်း သိရပါတယ် ။

လေယာဉ်ဟာ စပိန်ပုဂ္ဂလိက ကုမ္ပဏီ Swiftair က ပိုင်ဆိုင်တာဖြစ်ပြီး Air Algerie လေကြောင်းလိုင်း မှာ ပြေးဆွဲတာပါတဲ့။ အခု လေယာဉ်ပေါ်မှာ လေယာဉ်အမှုထမ်း ၆ ဦးနဲ့ ခရီးသည် ၁၁ဝ တင်ဆောင်လာ တာဖြစ်ပြီး သူတို့ရဲ့ ကံကြမ္မာကို အသေး စိပ် မသိရသေးဘူးလို့ သိရပါတယ်။ 

အခုလေယာဉ်ပေါ်မှာ ပြင်သစ် နိုင်ငံသား ၅ဝ ဦး၊ ဘတ်ကင်နာဘေ ၂၄ ဦး၊ လက်ဘနွန် ၈ ဦး၊ အယ်ဂျီးရီး ယား ၄ ဦး၊ လူဇင် ဘတ် ၂ ဦး၊ ဘယ်လ်ဂျီယံ ၁ ဦးနဲ့ ဆွစ် ၁ ဦး နိုက်ဂျီးရီးယား ၁ ဦး၊ ကင်မရွမ်း ၁ ဦး၊ ယူကရိန်း ၁ ဦး၊ ရိုမေးနီးယား ၁ ဦး တို့ ပါဝင်တယ်လို့ သိရပါတယ်။ လက်ဘနွန် အာဏာပိုင်တွေက ပြော တာမှာတော့ အဲဒီ လေယာဉ်မှာ လက်ဘနွန် နိုင်ငံသား အနည်းဆုံး ၁ဝ ဦးပါတယ်လို့ ဆိုပါတယ်။ 

စပိန် လေယာဉ်မှူးများ သမဂ္ဂ SEPLA က ပြောခွင့်ရသူတဦးပြောတာကတော့ လေယာဉ်အမှုထမ်း ၆ ဦးဟာ စပိန်နိုင်ငံက ဖြစ်တယ်လို့ ပြောထားပါတယ်။ 


လင်းသန့် ~ 











No comments:

Post a Comment