Pages

Wednesday, July 30, 2014

ကမ်းခြေမှာလမ်းလျှောက်သူတွေကို လေယာဉ်တိုက်မှုနောက်ဆက်တွဲ

အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ က ကမ်းခြေ တခုမှာလမ်းလျှောက်လာရင်း လေယာဉ်တိုက်လို့ အမျိုးသား တဦး သေဆုံးသွားတဲ့သတင်း ဧရာဝတီက ရေးခဲ့ပါတယ်။ အဲဒီတုန်းက သတင်းမှာ အင်ဂျင် တလုံးတပ် လေယာဉ်တစီးက လမ်းလျှောက်နေသူ ၂ ဦးကို တိုက်မိလို့ ၁ ဦး သေဆုံး ၁ ဦး ဒဏ်ရာရ သွားပါ တယ်။ အခု နောက်ဆက်တွဲ သတင်းမှာတော့ အဲဒီဒဏ်ရာရသွားသူဟာ လေယာဉ်တိုက်တဲ့ ဒဏ်ရာ နဲ့ ဆုံးပါး သွားခဲ့ပါပြီ။ 

 ဓာတ်ပုံ- ရာဟူး

ပြီးခဲ့တဲ့အပတ်က ဖလော်ရီဒါ Venice မှာ ရှိတဲ့ Caspersen Beach မှာ လေယာဉ်ဆင်းသက်ရာမှာ ဖခင်နဲ့ အတူ လမ်းလျှောက်လာတဲ့ ၉ နှစ်သမီးလေးဟာ ဒဏ်ရာပြင်းထန်ခဲ့လို့ ရဟတ်ယာဉ်နဲ့ ကလေးဆေးရုံ ကို ခေါ်သွားခဲ့တာဖြစ်ပြီး ဇူလိုင်လ ၂၉ ရက်နေ့က ဆုံးပါးသွားတာဖြစ်တယ်လို့ ရာဟူးသတင်းတပုဒ်က 
ဖော်ပြ လာပါတယ်။ 

အခုဆို ကမ်းခြေမှာ လမ်းလျှောက်လာသူ သား၊ အဖ ၂ ဦးသေဆုံးသွားစေတဲ့  လေယာဉ်တိုက်မှုကိုလည်း စုံစမ်းမှုတွေလုပ်နေပြီး လေယာဉ်မှူးကို အရေးယူသွားဖို့ ရှိတယ်လို့ သိရပါတယ်။ 

လေယာဉ်တိုက်မှုဖြစ်စဉ်က လေယာဉ်ပေါ်က လေယာဉ်မှူးနဲ့ ခရီးသည်တဦးကတော့ ထိခိုက်ဒဏ်ရာ ရမှု မရှိခဲ့ပါဘူး။

 မြန်မာနိုင်ငံက လူတွေက တော့ ဆိုင်ကယ်စီးနေရင် လေယာဉ်ပျံပါ သတိထားဖို့ ပြောစမှတ်ပြုကြ တာနည်းတူ အခုတော့ ဖလော်ရီဒါက လူတွေကလည်း ကမ်းခြေမှာ လမ်းလျှောက်ရင်း လေယာဉ်ပျံ သတိရမယ်လို့ ပြောစမှတ်ဖြစ်လာနိုင်ပါတယ်။ 



အိမ့်သံစဉ် ~ 











No comments:

Post a Comment