Pages

Monday, July 28, 2014

ကမ်းခြေမှာ လမ်းလျှောက်နေသူ လေယာဉ် တိုက်၍ သေဆုံး

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါကမ်းခြေတခုမှာ အင်ဂျင်တလုံးတပ် လေယာဉ်တစီးက လမ်းလျှောက်နေသူ ၂ ဦးကို တိုက်မိလို့ ၁ ဦး သေဆုံး ၁ ဦး ဒဏ်ရာရသွားပါတယ်။ 

 ဖလော်ရီဒါ ကမ်းခြေက လေယာဉ်တိုက်မှု မြင်ကွင်း၊ ဓာတ်ပုံ- NBC

ဖလော်ရီဒါ Venice မှာ ရှိတဲ့ Caspersen Beach မှာ လေယာဉ်ဆင်းသက်ရာမှာ လမ်းလျှောက်နေသူ ဖခင်နဲ့ သမီးတို့က ကမ်းခြေမှာ လမ်းလျှောက်နေချိန်ဖြစ်ပါတယ်။  လေယာဉ်က သူတို့ ၂ ဦးကို တိုက်မိရာ မှာ လမ်းလျှောက်နေ သူ ဖခင်ဖြစ်သူ သေဆုံးသွားပြီး သမီးဖြစ်သူကလည်း ဒဏ်ရာရသွားတယ်လို့ Sarasota County Sheriff ရဲ့ ပြောခွင့်ရ Wendy Rose က NBC သတင်းဌာနကို ပြောပါတယ်။ 

မနေ့က ဒေသစံတော်ချိန် ညနေ ၃ နာရီလောက်က လေယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသွားတဲ့သမီး 
ဖြစ်သူကို လည်း ရဟတ်ယာဉ်နဲ့ ကလေးဆေးရုံကို ခေါ်သွားပြီး ဒဏ်ရာပြင်းထန်တယ်လို့ ဆိုတယ်။ 

အခုလို လေယာဉ်တိုက်မှုနဲ့ လူသေဆုံး၊ ဒဏ်ရာရမှု ရှိတဲ့အတွက် အမျိုးသား ပို့ဆောင်ရေးဆိုင်ရာ လုံခြုံရေး ဘုတ်အဖွဲ့ ကလည်း စုံစမ်းစစ်ဆေးမှု လုပ်နေပြီလို့ သိရပါတယ်။ 

လေယာဉ်ပေါ်ပါတဲ့ လေယာဉ်မောင်းသူနဲ့ ခရီးသည်ကတော့ ဘာဒဏ်ရာမှ မရခဲ့ပါဘူး။

ဆိုင်ကယ်စီးလားရင်း လေယာဉ်တိုက်ခံလိုက်ရလို့ သေဆုံးသွားတဲ့ ဦးပြားလိုအဖြစ်ဆိုးမျိုး မြန်မာနိုင်ငံမှာပဲ ရှိတယ် ထင်ခဲ့ရတာပါ။ ဒါကြောင့် မြန်မာနိုင်ငံက လူတွေက ဆိုင်ကယ်စီးရင်း လေယာဉ်သတိထား လို့တောင် ပြောစမှတ်ရှိ ခဲ့ကြ တာပါ။ 

အခု ဒီသတင်းကြောင့် အမေရိကန်မှာလည်း ကမ်းခြေမှာ လမ်းလျှောက်ရင်း လေယာဉ်ပျံ ဝင်တိုက်မှာကို သတိထားရမယ် လို့ ပြောစမှတ်တွင်လာဖွယ် ရှိနေပါတယ်။ 



အိမ့်သံစဉ် ~ 









No comments:

Post a Comment