Pages

Tuesday, July 22, 2014

အမေရိကားမှာ ဆုရတဲ့ ဂျပန်တဦးရဲ့ အံ့ဘွယ် က ကွက်များ

ဂျပန်အမျိုးသား တဦးရဲ့ အမေရိကန် ပါရမီရှင်ပြိုင်ပွဲ ( America's Got Talent ) အစီအစဉ် တခုမှာ ဆုရသွားတဲ့ အက နည်းတမျိုးရဲ့ စွမ်းဆောင်ရည်ထူးခြားချက်ပါ။


Kenichi Ebina ဆိုတဲ့ ဂျပန် အမျိုးသားရဲ့ က ပြဖျော်ဖြေပုံက ပရိသတ်နဲ့ ဒိုင်လူကြီးတွေကို အံ့သြစေခဲ့လို့ အခုလို ဆုကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ 

သူက သိပ္ပံ ရုပ်ရှင်နာမည်ကြီး ဇာတ်ကားတခုဖြစ်တဲ့ Matrix ထဲက စက်ရုပ် လို ပုံစံ ကပြခဲ့တယ်။ 

ပထမဆုံး ဒိုင်တွေနဲ့ ပရိသတ် အံ့အားတသင့် ဖြစ်သွားရတာက အင်္ကျီဇစ်ကို ဖြုတ်ချပြီး သူ့ ဦးခေါင်းကို ရင်ဘတ်တဝက်လောက် ရောက်သွားတယ် ထင်ရအောင် ကကွက်တခုကို ဖော်ကျူးလိုက်ချိန်ပါဘဲ။ မြင်ရ သူတွေ ဦးခေါင်းကို ဖြတ်ပြီး ရင်ဘတ်ထဲ ပိုက်ထားသလိုတောင် ထင်မှတ်မှားသွားနိုင်တဲ့ ထူးခြားတဲ့ ကကွက် တခုလို့ ပြောရမယ်ထင်ပါတယ်။

ဒီနောက်ပိုင်း ကကွက်တွေက လည်းခန္ဓာကိုယ်ကို အလွန်ခက်ခဲတဲ့ ဟန်ချက်ထိန်းမှုတွေကို ဆက်တိုက် 
ပြသသွားခဲ့ပါတယ်။ တကယ်ပဲ သာမန်လူသားတဦးအတွက် မလွယ်ကူတဲ့ အချိုး၊ အကတွေပါ။ 

ဒါကြောင့် ဒိုင်လူကြီးတွေလည်း နောက်ပိုင်း သူ့ ကချက်တွေကြောင့် ထိုင်မနေနိုင်တော့ပဲ မတ်တပ်ရပ် အားပေးခဲ့ကြတယ်။ 

ဒိုင်လူကြီး တဦးချင်းဆီရဲ့ မှတ်ချက်တွေကလည်း သူ့အပေါ် အံ့အားသင့်မှုတွေနဲ့ အတူ ထပ်တူ ကြခဲ့ပါတယ်။ သူ့ရဲ့ က ပြဖျော်ဖြေမှုကို ယူကျုမှာ အခုဆို View အကြိမ်ရေပေါင်း ၁ နှစ်တာ ကာလအတွင်း ၃၃ သန်း
ကျော် ရှိပါတယ်။

  


အိမ့်သံစဉ် ~ 


 








No comments:

Post a Comment