Pages

Saturday, July 12, 2014

ထိုင်း ငါးဖမ်းလှေတစီးကို မြန်မာရေတပ်ပစ်ခတ်နှစ်မြှုပ်

ပင်လယ်ပြင်မှာ ကင်းလှည့်နေတဲ့ မြန်မာရေတပ်ရေယာဉ်တစီးဟာ မြန်မာ့ရေပိုင်နက်မှာ ငါး ခိုးဖမ်းနေ တယ်ဆိုတဲ့ ထိုင်း ငါးဖမ်းလှေ တစင်းကို မနေ့က ပစ်ခတ်နှစ်မြှုပ်ပစ်လိုက်ပါတယ်။ နောက်ထပ် ထိုင်း ငါးဖမ်းလှေ တစင်းကိုလည်း ဆွဲခေါ်သွားခဲ့ပါတယ်။ 

 ထိုင်းငါးဖမ်းလှေ တစီးပေါ်က လှေလုပ်သားများ၊ ဓာတ်ပုံ- ထိုင်း ရေတပ်

ဘန်ကောက်ပို့စ် အဆိုအရ လှေပေါ်ပါသွားတဲ့ သူတွေ ထိခိုက်ဒဏ်ရာမရကြဘူးလို့ သိရပါတယ်။ 

မြန်မာရေတပ် က ပစ်ခတ်နှစ်မြှုပ်လိုက်တဲ့ ထိုင်း ငါးဖမ်းလှေပေါ်က လှေလုပ်သားတွေကတော့ ပင်လယ်ထဲ ခုန်ချထွက်ပြေးခဲ့ကြတာဖြစ်ပြီး မြန်မာရေတပ်က လိုက်ဖမ်းတာမျိုး မရှိခဲ့ဘူးပဲ ထိုင်း ရေတပ် ကင်းလှည့် ယာဉ်က တွေ့လို့ သူတို့ကို ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ထိုင်း ငါးဖမ်းလှေတွေမှာ အလုပ်လုပ်နေကြသူ အများစုကတော့ မြန်မာနိုင်ငံသားတွေ ဖြစ်ကြပါတယ်။ အခုသတင်းမှာတော့ ထိုင်းငါးဖမ်းလှေပေါ်က သူတွေ ဘယ်သူတွေ ဖြစ်တယ် ဘယ်လူမျိုးတွေ ဖြစ်တယ် လို့တော့ ထည့်ရေးထားတာ မရှိပါဘူး။ 

ထိုင်း ရေတပ် အရာရှိကြီး တဦးဖြစ်တဲ့ Tharathorn က ပြောတာမှာတော့ ထိုင်း ငါးဖမ်းလှေတွေကို မြန်မာ
ရေပိုင်နက် မှာ ငါးခိုးမဖမ်းဖို့ ပြောထားပြီး ဖြစ်ပေမယ့် လှိုင်းကြီး လေထန် ဖြစ်နေချိန်မှာ ထိုင်း ငါးဖမ်း
လှေတွေ က မြန်မာရေပိုင်နက်ထဲ ရောက်သွားတာ ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။ 

မြန်မာရေတပ် ဆွဲခေါ်သွားတဲ့ ထိုင်း ငါးဖမ်းလှေတစင်းကို တော့ မြန်မာဘက်က ထိုင်းပိုင်ရှင်ဆီကို ပြန်ပေး မယ့် လက္ခဏာ မရှိဘူးလို့လည်း အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။ 


အိမ့်သံစဉ် ~ 






No comments:

Post a Comment