Pages

Wednesday, July 30, 2014

စင်ကာပူရောက်မြန်မာများကို ပြည်တော်ပြန်ဖို့ ဆွဲဆောင်ခြင်း

 ~




 စင်ကာပူမှာ မြန်မာများအတွက် အလုပ်အကိုင်ပြပွဲကြီးတခုကို လာမယ့် စနေ တနင်္ဂနွေ ၂ ရက်တိတိ ပြုလုပ်ပါမယ်။


ပွဲကြော်ငြာတွေမှာ ရေးထားတဲ့ဆောင်ပုဒ်ကတော့ - မိသားစုနဲ့ အတူပြန်နေကြရအောင်ပါ - 

ဒီဆောင်ပုဒ်အရ ဆိုရင် ...  မြန်မာပြည်က အလုပ်အကိုင်တွေကို ရည်ရွယ်လိုပုံပါပဲ။

စင်ကာပူမှာ လုပ်ကိုင်ရာကနေ မြန်မာပြည်ပြန်လာလုပ်ဖို့ ဆိုတာ ဆုံးဖြတ်ရခက်တဲ့၊ အတော်များများ စဉ်းစားနေကြတဲ့ကိစ္စပါ။

ယှဉ်ကြည့်ရင် စင်ကာပူမှာ သယ်ယူပို့ဆောင်ရေး၊  ရေ၊ မီး၊ အင်တာနက်တို့ အားသာချက်ရှိတယ်။ လစာလည်း ကောင်းတယ်။

မြန်မာပြည်မှာတော့ မိသားစုနဲ့ အတူပြန်နေနိုင်တဲ့အားသာချက်၊ ဒါဟာ ကိုယ့်နိုင်ငံပဲဆိုတဲ့ အားသာချက် ... စသဖြင့် ရှိပါတယ်။
ပွဲကြော်ငြာရာမှာလည်း အထက်ပါဓာတ်ပုံကို သုံးထားပါတယ်။ မိသားစုဝင်တွေ ပျော်ပျော်ရွှင်ရွှင် စုစုဝေးဝေး ရှိနေတဲ့ပုံမျိုး။

ထူးခြားတဲ့အပြောင်းအလဲတချို့၊ ထူးမခြားနားအပြောင်းအလဲတချို့ ဖြစ်ပေါ်နေတဲ့ကာလမှာ ဘာအလုပ်အကိုင်အခွင့်အရေး နဲ့ လစာတွေ ရှိမလဲ။

ဒါကတော့ လာမယ့်ရုံးပိတ်ရက်တွေမှာ သိရဖွယ်ရှိပါတယ်။

ကျင်းပမယ့်နေရာက ရွှေတို့ရဲ့ဆုံစည်းရာ ပင်နီဆူလာ ပလာဇာနားမှာရှိတဲ့ Suntec Convention Center မှာ လုပ်မယ်၊ တနင်္ဂနွေဆိုရင် စာပေဟောပြောပွဲလည်း  စီစဉ်ထားမယ်လို့ သိရပါတယ်။

ဟောပြောမယ့်စာရေးဆရာတွေကတော့ ဖေမြင့်၊ ဂျူး၊ အော်ပီကျယ်တို့ပါပဲ။

ဒီပွဲက သေချာပေါက် စည်ကားမယ်လို့ ယူဆရပါတယ်။

 



.

No comments:

Post a Comment