Pages

Thursday, July 10, 2014

ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို တိတ်တိတ်လေး ရုံးထုတ်

အလွဲသုံးစားမှုနဲ့ အရေးယူခံထားရတဲ့သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်ကို နေပြည်တော် ဒက္ခိဏ ခရိုင်တရားရုံးမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့ မနက် ၁၀ နာရီခန့်က ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ 


မူလက ဇူလိုင်လ ၁၇ ရက်နေ့မှာ ရုံးထုတ်ဖို့ ဖြစ်ပေမယ့် ဒီတခါမှာတော့ အစိုးရက မီဒီယာများကို ရှောင်ရှား လို တဲ့အတွက် ရုတ်တရက် ရက်ချိန်းပြောင်းကာ တိုးတိုးတိတ်တိတ် ရုံးထုတ်ခဲ့တာလို့ ဝေဖန်ပြောဆိုမှုများ လည်း ရှိပါတယ်။ 

ပြီးခဲ့တဲ့ အပတ် ရုံးချိန်းတုန်းက ဦးဆန်းဆင့်က သူဘာအမှားတခုမှ မလုပ်ခဲ့ကြောင်းနဲ့ သမ္မတ အမိန့်ကို မနာခံလို့ သူ့ကို ဒီလို လုပ်တာလို့ သတင်းထောက်တွေကို ပြောဆိုသွားခဲ့ပါတယ်။ 



ဒါကြောင့် တတိယ အကြိမ် ရုံးထုတ်တာကို သတင်းသမားတွေနဲ့ တွေ့ပြီး ဦးဆန်းဆင့်က တခုခု ထပ်ပြော မှာကို မလိုလားလို့ တိတ်တိတ်လေး ရုံးထုတ်တာဖြစ်နိုင်တယ်လို့ သတင်းသမားတွေက သုံးသပ်နေကြ ပါတယ်။ 




 







No comments:

Post a Comment