Pages

Monday, July 21, 2014

Honda Jazz ကို ယှဉ်မယ့် Mazda 2

.



ထိုင်းနိုင်ငံနဲ့ အရှေ့တောင် အာရှကို မာဇဒါရဲ့ all new 2 လာပါပြီ။

အင်ဂျင်အား ၁၅၀၀ ရှိတဲ့ မာဇဒါရဲ့ ယှဉ်ပြိုင်ဖက်တွေ ကတော့ ဟွန်ဒါ Jazz နဲ့ Ford ရဲ့ Fiesta တို့ပဲ ဖြစ်ပါတယ်။

 


မြို့တွင်းမှာ ရပ်ရလွယ် လမ်းကျဉ်းတွေမှာ တိမ်းရ ရှောင်ရ လွယ်ပြီး ခရီးတို တနေရာကနေ တနေရာကို မောင်းနှင်သယ်ယူ ပို့ဆောင်နိုင်တဲ့ ဟွန်ဒါရဲ့  Jazz (မြန်မာမှာတော့ Fit လို့လဲ လူသိများ) တိုယိုတာရဲ့ Yaris တို့ မာဇဒါ 2 တို့ဟာ လူကြိုက်များ လှပါတယ်။

မာဇဒါ 2 ရဲ့ ထူးခြား ချက်ကတော့ ကားအတွင်းပိုင်းကို
မာဇဒါ 3 အတိုင်း ပြောင်းလဲထားခြင်းပါ။

ထိုင်ခုံကိုလည်း အဖြူနဲ့ အမည်းစပ်ပြီး ဥရောပ စတိုင်လ် ဖောက်ထားတာပါ။

လူငါးယောက် ထိုင်စီးနိုင်ပြီး စီးနင်းလိုက်ပါသူ လုံခြုံရေး အတွက် ခါးပတ် (ရှေ့ခုံ - နောက်ခုံ) နဲ့ အခြား အသုံးတည့်မယ့် အသုံးဆောင် ပစ္စ္စည်းတွေပါမှာဖြစ်ပါတယ်။

မြန်မာပြည်မှာတော့
မာဇဒါ 2 ကို တခြားနာမည်တခုနဲ့ ခေါ်ကြပါတယ်။ ဒီမီယို တဲ့။ 
ဒီကားတွေကို စူပါမီနီကားအဖြစ် ဂျပန်မာဇဒါက ထုတ်နေတာ ၁၉၉၆ ကတည်းကပါ။ အခုဆိုရင် ဒီစီးရီးက တတိယမျိုးဆက် ရောက်လာပြီလို့ ဆိုပါတယ်။
 

No comments:

Post a Comment