Pages

Saturday, July 19, 2014

MH 17 လေယာဉ် ပျက်မကျခင် နောက်ဆုံး မြင်ကွင်း ရုပ်သံ

ပစ်ချခံလိုက်ရတဲ့ မလေးရှားလေကြောင်းလိုင်း MH 17 လေယာဉ်ပေါ်ပါ ခရီးသည် တဦးက နယ်သာလန်
နိုင်ငံ အမ်စတာ ဒမ် လေဆိပ်က မထွက်ခွာခင် လေယာဉ်ပေါ် က မြင်ကွင်းကို ဗွီဒီယို ရိုက်ပြီး အွန်လိုင်းပေါ် တင်ထားခဲ့ပါတယ်။ 


တနေ့က ယူကရိန်း လေပိုင်နက်ထဲမှာ ရုရှားလိုလားသူ သူပုန်တွေက မြေပြင်နဲ့ ဝေဟင်ပစ် ဒုံးကျည်နဲ့ ပစ်ချတယ်လို့ အများက ပြောဆို စွပ်စွဲနေကြပါတယ်။ 

အခုတော့ အဲဒီ ဗီဒီယို မူရင်းကို ယူကျုကတဆင့် ဖော်ပြလာတော့ လူအများကလည်း စိတ်ဝင်စားနေကြ ပါတယ်။ 

ဗွီဒီယိုမှာ ပြသထားတာက ခရီးသည်တဦးက သွားမည့် ခရီးစဉ်အကြောင်းပြောပြီး လေယာဉ်ပေါ်ပါ အခြား ခရီးသည်တချို့က ခရီးဆောင်အိတ်တွေကို လေယာဉ်ခရီးဆောင်အိတ်များထည့်ရာ ထားသိုနေကြတာ မြင်
တွေ့ရ သလို ခရီးသည်တချို့ရဲ့ လှုပ်ရှားမှုကိုလည်း မြင်တွေ့ရပါတယ်။ 

အချိန်အားဖြင့် မိနစ်ပိုင်း သာရှိပေမယ့် မထင်မှတ်ပဲ ပျက်ကျသေးဆုံးသွားသူတွေရဲ့ နောက်ဆုံး အသက်ရှင်လျှင် မြင်တွေ့ရတဲ့ မြင်ကွင်းတချို့မို့ ၀မ်းနည်းစရာ ဖြစ်ရပါတယ်လို့ ကွန်မန့်ပေးသူတွေ က ရေးကြပါတယ်။

  



အိမ့်သံစဉ် ~ 









No comments:

Post a Comment