Pages

Tuesday, July 29, 2014

Ooredoo မြန်မာရဲ့ ထူးခြားတဲ့ဖိတ်စာ


 ~



သတင်းစာရှင်းလင်းပွဲ၊ လှူဒါန်းပွဲ၊ ဘာပွဲညာပွဲတွေ များပြားစွာ ကျင်းပနေတဲ့ Ooredoo မြန်မာက အခုလည်း စာနယ်ဇင်းရှင်းလင်းပွဲတခုလုပ်ဖို့ ပြင်နေပြန်ပါပြီ။ လာမယ့် စနေနေ့ ရန်ကုန်မှာ လုပ်ပါမယ်။

ရှင်းလင်းပွဲမှာ ဘာတွေ ထုတ်ပြောမယ်၊ ဘယ်လိုမေးလို့ ဘယ်လိုဖြေမယ် ဆိုတာတွေ မသိရသေးပါဘူး။


 
မကြာသေးခင်ရက်ပိုင်းအတွင်းက ရန်ကုန်မှာ စမ်းသပ်ခဲ့တဲ့ တယ်လီဖုန်းလိုင်း၊ အင်တာနက်လှိုင်းတွေရဲ့ ရလဒ်တွေကို ရှင်းပြဖွယ် ရှိတယ်လို့ ယူဆပါတယ်။
ရှင်းလင်းပွဲအတွက် လုပ်ထားတဲ့ဖိတ်စာကတော့ အလန်းစားပါပဲ။
ပုသိမ်ထီးအနီရောင်ကနုတ်ပန်းထီးနဲ့ အလှမယ် ဖုန်းကိုင်ထားပုံက တဘက်။
ကျန်တဘက်ကတော့ ဖုန်းထဲထည့်ရမယ့် SIM ကတ်လိုမျိုးပုံဖြစ်အောင် ဒီဇိုင်းထွင်ထားခြင်းပါ။

Ooredoo မြန်မာက ကြော်ငြာလုပ်ငန်းကို သူ့ရဲ့ ခေတ်ပြိုင်လုပ်ငန်းကုမ္ပဏီ တယ်လီနောမြန်မာထက် ပိုပြီး အားစိုက်ထားဟန်ရှိပါတယ်။
ဒီလို ကျယ်ကျယ်ပြန့်ပြန့် အဆက်မပြတ် အားစိုက်ကြော်ငြာနိုင်မှ ကိုယ့်ကို လူပိုသိမှာဖြစ်ပါတယ်။

အထူးသဖြင့် ဖုန်းသုံးသူတွေလက်ထဲ MPT က သိန်းသန်းချီ ရှိနေချိန်ဆိုတော့ အကြီးအကျယ် ကြော်ငြာဖို့ လိုပါလိမ့်မယ်။

ဖုန်းကတ်ဝယ်သုံးမယ့်သူတွေ ကိုယ့်ကို သိအောင်၊ MPT သုံးနေသူတွေလည်း ကိုယ့်ကို သိအောင်၊ ကိုယ့်တံဆိပ်ပေါက်အောင် လုပ်နေခြင်းပါ။

MPT ကတော့ ကြော်ငြာစရာ မလိုပါဘူး။ ဆိုခဲ့သလိုပဲ ... သူ့ကတ်ကို သုံးနေတဲ့သူက မြန်မာပြည်မှာ နေရာအနှံ့မဟုတ်လား။
မြို့တိုင်းမှာ သူ့ကတ် သုံးနေကြတာပါ။

ချစ်လွန်းလို့တော့ မဟုတ်ပါ။
မရှိသုံး သုံးကြခြင်းပါ။

 
MPT က လတ်တလော မကြော်ငြာသေးသောလည်း မကြာခင် ကြော်ငြာတွေလုပ် မက်လုံးတွေ ပေးပါလိမ့်မယ်။ ကျထားတဲ့သိက္ခာတွေ ပြန်တက်အောင် မကြာခင် လုပ်မယ်လို့  ယူဆရပါတယ်။

  • အင်္ဂါမနက် ဖြည့်စွက်ချက် -
ဒီနေ့ထုတ် မြန်မာ့အလင်းမှာတော့ MPT ရဲ့ မျက်နှာပြည့်ကြော်ငြာ တွေ့ရပါမယ်။ ဖုန်းခေါ်ခ တမိနစ် ၂၅ ကျပ်နှုန်း အစီအစဉ်ပါ။
ဒီအစီအစဉ်အရဆိုရင် ကိုယ်နဲ့မကြာခဏဖုန်းပြောမယ့်သူ ၃ ဦးကို ဒီနှုန်းနဲ့ ခေါ်နိုင်ပါမယ် တဲ့။

အမြဲတမ်းအတွက်တော့ မဟုတ်ပါဘူး။  ဒါကို ဒီနေ့ စသုံးနိုင်မယ်။ ပြီးရင်

သြဂုတ်လ တလုံး သုံးနိုင်မယ်။

ဒီအစီအစဉ်ကို သဘောကျလို့ အစပြုမယ် ဆိုရင်တော့ ၀န်ဆောင်ခ ၂,၅ဝဝ ပေးရမှာ ဖြစ်ပါတယ်။
တစုံတယောက်နဲ့ စကားအကြာကြီးပြောနေတဲ့သူတွေ နှစ်သက်မယ့် အစီအစဉ်ဖြစ်တယ်လို့ ဆိုရပါမယ်။
 

 

.

No comments:

Post a Comment