ဧည့်သည်တွေက သူတို့တွေ အင်တာနက် မှာ ဖတ်ရတယ် နောက် ဂျာမန်လိုင်းတစ်ခုက တီဗွီမှာ ကြည့်ရတယ်ပေါ့ မြန်မာပြည်က လူတော်တော်များ များ အမှိုက်ကို ပြတင်းပေါက်က လွယ်လွယ်လေး လွှင့်ပစ်တယ်ဆိုတာ ဟုတ်လားတဲ့..
ကျွန်မကလည်း ပြန်ဖြေလိုက်ပါတယ်..ဒါဟာ တစ်ဦးတစ်ယောက်ချင်းနဲ့ သက်ဆိုင်တဲ့ အပြုအမူနဲ့ လူနေထိုင်မှုစရိုက်ပါပေါ့.
သန့်ရှင်းတဲ့နေရာတွေလည်း ရှိသလို အဲဒီ ဗွီဒီယိုရိုက်သွားတဲ့ ဂျာမန် ၂ ယောက်သွားတဲ့ နေရာတွေက ရန်ကုန်မြို့ထဲက မုန့်ဟင်းခါးဆိုင်တစ်ဆိုင်ပါ.
နောက် တစ်ဆိုင်ကတော့ မြောက်ဥက္ကလာဘက်ကပါ..သူတို့တွေက ကိုလိုနီအဆောက်အဦးတွေ လိုက်ကြည့်တော့ ယခု လောကနတ် ပန်းချီပြခန်းအဆောက်အဦးပေါ်သွားပြီး ရိုက်ထားတဲ့ မြင်ကွင်းတွေ ပါပါတယ်.
ကျွန်မကိုယ်တိုင်လည်း ကြည့်လိုက်ရပါတယ်.. သူတို့ ရုပ်ရှင်ထဲမှာ ပြောသွားတာတွေက မြန်မာပြည်က အစားအသောက်ကောင်းကြောင်းပြောရင်းနဲ့ ရုပ်ရှင်ထဲမှာ အမှိုက်ကို အဲလို လွယ်လွယ်လေး လွှတ်လို့ ရတယ်ဆိုပြီး ရယ်ကာမောကာနဲ့ ပြောသွားတာပါ..
ကြည့်လိုက်ရင်တော့ မြန်မာ့အလှတွေနဲ့ ယှဉ်ပြီး ပြသွားတဲ့ ရိုက်ကွက်တွေပါ..
ဒါပေမယ့် သဘာဝပတ်ဝန်းကျင်ကို ဦးစားပေးတဲ့ သူတွေက ရုပ်ရှင်ကို အလကားမကြည့်ပါဘူး..
ပြီးရင် မေးခွန်းတွေ လာပါတော့တယ်.သူတို့ မေးရတာကလည်း မြန်မာပြည်က အခု အရမ်းနာမည်ကြီးနေ တဲ့ ခရီးသွားနိုင်ငံတစ်နိုင်ငံဖြစ်တယ်..
ဒါပေမယ့် သူတို့သိချင်တာတွေက သန့်ရှင်းမှုတို့ Public Transportation တို့ကို မေးတာများပါတယ်. ဒါပေမယ့် ဒီလို မေးစရာတွေ ရှိလာတာဟာ သူတို့ ရင်ထဲမှာ ဘာတွေ တွေးနေသလဲ..မြန်မာတွေ အဲလိုပဲ အမှိုက်ကို ပစ်တတ်တာလားဆိုတဲ့ အထင်သေးစိတ်လည်းဖြစ်နိုင်ပါတယ်..
အမှိုက်ကင်းစင်ဖို့ ဆိုတာ ပြည်သူအားလုံးမှာ တာဝန်ရှိတာပါ. အဓိက က ကိုယ်က စပြီး အမှိုက်ပစ်သူ မဖြစ်အောင် တစ်ဦးချင်းစီက ကျင့်မယ်ဆိုရင် ကျွန်မတို့ရဲ့ လှပပြီး ချစ်စရာကောင်းတဲ့ မြန်မာနိုင်ငံဟာ အမှိုက်ကင်းစင်ပြီး တင့်စဖွယ်နိုင်ငံလေးအဖြစ် ရပ်တည်ရမှာပါ..
အဲဒီတော့ တစ်ဦးတစ်ယောက်ချင်းအနေနဲ့ အကျိုးကျေးဇူး ဘာတွေ ရမလဲ..ကျန်းမာသန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကို တစ်ဦးတစ်ယောက်ချင်းက လုပ်တဲ့အတွက် လေထုညစ်ညမ်းတာနဲ့ တကိုယ်ရေ ကျန်မာရေးဆိုးယွားတာတွေ မဖြစ်တော့ဘူးပေါ့..
အဲ တစ်နိုင်ငံလုံးလုပ်တော့ တိုင်းပြည်ဂုဏ်သိက္ခာ နဲ့ လူနေမှုအဆင့်အတန်းမြင့်တာကို ကမ္ဘာက လေးစား အသိအမှတ်ပြုရမှာပါ..
အဓိက တော့ အမှိုက်ကို ကိုယ်က စတင် ပစ်သူ မဖြစ်အောင်ပါပဲ..လွန်ခဲ့တဲ့ ရက်ကပဲ ကျွန်မ အမှိုက်ကိစ္စ ဖွဘွတ်မှာ တင်လိုက်ပါသေးတယ်.. တစ်ဦးတစ်ယောက်ချင်း အမှိုက်မပစ်ရင် အမှိုက်ပုံကြီး မရှိတော့ ဘူးပေါ့..
အိမ်ထောင်စုတစ်ခုလုံးအနေနဲ့လည်း အမှိုက်ပစ်တဲ့ကိစ္စကို ပူးပေါင်းပါဝင်စေချင်ပါတယ်.
ကျွန်မတို့ မြန်မာမိသားစုအချို့မှာ အိမ်အကူတွေ ရှိတတ်ကြပါတယ် တစ်ချို့  အိမ်အကူတွေက ပညာ မတတ်တော့ အိမ်ရှင်တွေ မရှိရင် လစ်ရင်လစ်သလို အမှိုက်သွန်ရမှာ ပျင်းပြီး အောက်ကို လွှင့်ပစ် တတ်နိုင်ပါတယ်..
ဒါမျိုးတွေ မရှိအောင် ကြီးကြပ်ရမှာက အုပ်ထိန်းသူတွေပါ.. အခု ကျွန်မ ၂၀၁၃ ခုနှစ် ကမ္ဘာ့အသန့်ရှင်းဆုံး ၁၀ နိုင်ငံနဲ့ ၂၀၁၄ ကမ္ဘာ့အသန့်ရှင်းဆုံး ၁၀ နိုင်ငံကို ပူးတွဲ တင်ပြလိုက်ပါတယ်..
အများဆုံးက ယူရုပ်ပ်နိုင်ငံတွေပါ..အာရှကဆိုလို့ စင်ကာပူပဲ ပါတယ်.
ဘာလို့လဲ အစိုးရက စနစ်ကျကျ နဲ့ ဆောင်ရွက်တယ်..တစ်ဦးချင်းဂရုစိုက်တယ်..နောက် ဒဏ်ငွေဆောင် ရတယ်...
အန်ကယ် ဦးကျော်သူတို့ နာရေးကူညီမှုအသင်းက လုပ်နေပေမယ့် တစ်ဦးချင်းလုပ်သင့်တဲ့ကိစ္စမို့ ဒီစာလေးကို ရေးလိုက်ရတာပါ..
စာဖတ်သူ သူငယ်ချင်းများလည်း ကိုယ်က စပြီး အမှိုက်ပစ်သူ မဖြစ်အောင် ကြိုးစားနိုင်ကြပါစေလို့ ဆုတောင်းလျှက်..
Top 10 Cleanest Countries in the World 2014
No. Country
1 Switzerland
2 Luxembourg
3 Australia
4 Singapore
5 Czech Republic
6 Germany
7 Spain
8 Austria
9 Sweden
10 Norway
စံသာလင်း ( ဗီယင်နာ- သြစတြီးယား )
No comments:
Post a Comment