Pages

Sunday, August 10, 2014

အီရန်လေယာဉ်တစင်းပျက်ကျရာ ၄၈ ဦး သေဆုံး

လေယာဉ်စီးခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၄၈ ဦးတင်ဆောင်လာတဲ့ အီရန်နိုင်ငံက Sepahan Air Iran-140 လေယာဉ်ဟာ အီရန်နိုင်ငံ Mehrabad လေဆိပ်က ယနေ့ တနင်္ဂနွေနေ့မနက်ပိုင်းက ထွက်ခွာလာရာ နိုင်ငံ မြောက်ပိုင်း Tabas ဒေသနားမှာ ပျက်ကျသွားခဲ့ပါတယ်။ 


ပျက်ကျသွားတဲ့ အီရန် လေယာဉ် အပိုင်းအစတခု၊ ဓာတ်ပုံ- ဂျပန်တိုင်းမ်
Sepahan Air Iran-140 plane
Sepahan Air Iran-140 plane
Sepahan Air Iran-140 plane

 လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ပါလာသူ ၄၈ ဦးလုံး အသက်ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။ ဒါပေမယ့် အီရန် နိုင်ငံပိုင်သတင်းဌာန IRNA ကို ကိုးကားပြီး ရိုက်တာသတင်းတပုဒ်က ဖော်ပြတာမှာ လူ ၃ ဦးကို မီးလောင် ဒဏ်ရာ တွေနဲ့ လေယာဉ်ပျက်ကျရာဒေသက အနီးဆုံး ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ IRNA ရဲ့ အဆိုအရ လေယာဉ်အင်ဂျင်ရပ်သွားပြီး လေယာဉ်ဟာ ပျက်ကျသွားခဲ့တာလို့ ဆိုပါတယ်။ 

လေယာဉ်ကို ပြုပြင် ထိန်းသိမ်းရေးလုပ်ဆောင်ချက်အားနည်းမှုတွေကြောင့် အခုလို လေယာဉ်ပျက်ကျ သွားခဲ့ရတာဖြစ်လို့ အီရန်နိုင်ငံရေး သမား တွေကတော့ အီရန်နိုင်ငံကို စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်တဲ့ အပေါ် အပြစ်တင်ပြောဆိုနေကြတယ်လို့ ဒါကာ ထရီဗျူးန် သတင်းတပုဒ်က ဆိုပါတယ်။ 

ဒါကြောင့် လေယာဉ်ပြုပြင်ထိန်းသိမ်းရေးတွေလုပ်ဖို့ မှောင်ခိုဈေးကွက်က တင်သွင်းတဲ့ပစ္စည်းတွေကိုပဲ အသုံးပြုနေရတာ ဖြစ်ပြီး စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် လေယာဉ်အသစ်ဝယ်ယူဖို့လည်း ပိတ်ပင်ခံထားရတာဖြစ်တယ်လို့ ဆိုပါ တယ်။ 

Mehrabad လေဆိပ်ဟာ အီရန်နိုင်ငံ မြို့တော် တီဟီရန်မြို့အနောက်ဘက်မှာ တည်ရှိပြီး ပြည်တွင်း ခရီးစဉ်တွေကို အဓိက ပျံသန်းရာနေရာဖြစ်ပေမယ့်  ပြည်ပ လေကြောင်း ခရီးစဉ်တွေအတွက် အသုံးပြုနေ တဲ့ လေဆိပ်လို့လည်း သိရပါတယ်။ 


အိမ့်သံစဉ် ~










No comments:

Post a Comment