Pages

Thursday, August 14, 2014

သေတ္တာထဲမှာ အမေရိကန်အမျိုးသမီး အလောင်းတွေ့

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ အသက် ၆၂ နှစ်အရွယ် အမေရိကန် အမျိုးသမီးတဦးရဲ့ အလောင်းကို ခရီးဆောင် သေတ္တာ တခုထဲမှာ တွေ့ရှိခဲ့ရပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သေဆုံးသူရဲ့ သမီးနဲ့ သူ့ ရည်စား အမျိုးသားတို့ကို ဘာလီ ကျွန်းရှိ ရဲတပ်ဖွဲ့က ဖမ်းလိုက်ပါတယ်။ 


Sheila von Wiese-Mack အမည်ရှိတဲ့အမေရိကန်အမျိုးသမီးရဲ့ အလောင်းထည့်ထားတဲ့ ခရီးဆောင်
သေတ္တာ ကို အင်္ဂါနေ့ က ဘာလီကျွန်းက St. Regis Bali Resort ဆိုတဲ့ အပန်းဖြေတည်းခိုနားနေရာနေရာ က ရပ်ထားတဲ့ တက္ကဆီကား နောက် ခန်းထဲနေ တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဘာလီရဲအရာရှိကြီး က ပြောထား ပါတယ်။ 

အခု ကိစ္စနဲ့ပတ်သက်ပြီး အသက် ၁၉ နှစ်ရှိ သေဆုံးသူရဲ့ သမီး Heather Mack နဲ့ သူ့ချစ်သူ အသက် ၂၁ နှစ်ရှိ Tommy Schaefer တို့ကို မနေ့ ( ဗုဒ္ဓဟူးနေ့) က ဘာလီကျွန်းပေါ်က အခင်းဖြစ်တဲ့နေရာနဲ့ ၁ဝ ကီလိုမီတာလောက်ဝေးတဲ့ဟိုတယ် တခုမှာ ဖမ်းလိုက်တယ်လို့ ရဲ က ပြောပါတယ်။ 

 သေဆုံးသူရဲ့ သမီးနဲ့ သူရည်းစား ၂ ယောက်လုံးကို စစ်ဆေးမေးမြန်းမှုတွေ လုပ်နေပေမယ့် ဖြေဆိုဖို့ ငြင်း ဆန်နေတယ်လို့ လည်း ရဲက ဆိုပါတယ်။ 

ဂျကာတာမှာ ရှိတဲ့ အမေရိကန်သံရုံးကတော့ ခရီးဆောင်သေတ္တာထဲမှာ von Wiese-Mack ရဲ့ အလောင်း
တွေ့ တယ်ဆိုတာ အတည်ပြုပြောပေမယ့် အသေးစိပ်ကိုတော့ မပြောထားပါတဘူး။ 

ဘာလီကျွန်းရှိ ရဲတပ်ဖွဲ့ အကြီးအကဲ အူတိုမိုပြောတာက Mack နဲ့ သူ့ရည်းစားကောင်လေး Schaefer တို့ဟာ တက္ကစီ တစီး ကို ငှားခဲ့ပြီး ကားနောက်ဘက် ပစ္စည်းထည့်ရာ မှာ သေတ္တာတလုံး ထည့်ခဲ့တယ်လို့ ဆိုတယ်။ 

သူတို့ ၂ ဦးဟာ တက္ကစီ ဒရိုင်ဘာကို ပြောတာက ဟိုတယ်ကနေ ပြန်ထွက်တော့မှာဖြစ်ပြီး ပြန်တော့မယ် လို့ ပြောခဲ့တဲ့အကြောင်း ဒရိုင်ဘာက ပြော တာ ကိုလည်း အူတိုမိုက ရှင်းပြထားတယ်။ 

ဒါပေမယ့် ၂ နာရီကျော်လာတဲ့အထိ Mack နဲ့ Schaefer တို့ဟာ ပြန်ပေါ်မလာခဲ့ဘူးလို့ အူတိုမိုက ပြောထား တယ်။ 

ဟိုတယ် လုံခြုံရေးတွေက သွေးစွန်းနေတဲ့ ခရီးဆောင်သေတ္တာကို သတိထားမိလို့ ရဲစခန်းအကြောင်းကြား ဖို့ ပြောတော့ ရဲတွေလည်း ရောက်လာပြီး သေတ္တာကို ဖွင့် ကြည့်လိုက်တော့မှ ခရီးဆောင်သေတ္တာထဲမှာ အလောင်းကို တွေ့ရတော့တာ ပါဘဲလို့ ရိုက်တာ သတင်းတပုဒ်က ရေးထားပါတယ်။

  


အိမ့်သံစဉ် ~ 


 









No comments:

Post a Comment