Pages

Thursday, August 7, 2014

အိုဘားမား သီချင်းဆိုနေသည်

ဒီပို့စ်ရဲ့ ခေါင်းစဉ်မှာ အိုဘားမား သီချင်းဆိုနေသည်လို့ ဆိုတော့ တကယ်ပဲ အမေရိကန်သမ္မတ အိုဘားမား က သီချင်းဆိုလားလို့  မေးစရာ ရှိပါတယ်။ တကယ် တော့ မဟုတ်ပါဘူး။ ပေါင်းစပ် ဖန်တီးမှု အနုပညာတခု အနေနဲ့ နောက်ခံ တီးလုံး ထည့်ပြီး အိုဘားမားပြောခဲ့သမျှ မိန့်ခွန်းတွေနဲ့အသံ အပိုင်း အစတွေကို သီချင်း တပုဒ်လို ဖန်တီးထားတာပါ။ 



အခုလို အမေရိကန်သမ္မတ အိုဘားမားရဲ့ မိန့်ခွန်းတွေကို ဂီတအစွမ်းနဲ့ စုစည်းဖန်တီလိုက်တဲ့အခါ တကယ့်ကိုပဲ အိုဘားမား သီချင်းဆိုတယ် ဖြစ်နေပါရော။ 

အခုလို အမေရိကန် သမ္မတရဲ့ မိန့်ခွန်းတွေကို ရယ်စရာ သီချင်း တပုဒ်အဖြစ် ဖန်တီးခဲ့ပေမယ့် ဖန်တီးသူ ဟာ ဖမ်းဆီးတာမျိုး၊ တရားစွဲတာမျိုးမခံရပါဘူး။ 

အခု အိုဘားမားသီချင်းဆိုနေတဲ့ ဗွီဒီယို ဖိုင်ပါတဲ့ သတင်းကို အမေရိကန်အခြေစိုက် နာမည်ကြီး တိုင်းမ် မဂ္ဂဇင်း ရဲ့ သတင်းတပုဒ်မှာပါ ဖော်ပြထားတာပါ။ 

ဒီလို ဖော်ပြတဲ့ တိုင်းမ်းမဂ္ဂဇင်းကြီးကိုလည်း အမေရိကန် အစိုးရအဖွဲ့ က အယ်ဒီတာတွေနဲ့ ဖော်ပြသူတွေကို ဖမ်းဆီးတာ တရားစွဲတာ မလုပ်ပါဘူး။

  


အိမ့်သံစဉ် ~

 







 

No comments:

Post a Comment