Pages

Friday, August 29, 2014

မေမြတ်နိုး ကိုရီးယားမှာ ရင်သားပြုပြင်ခဲ့သလား


 ~



အလှမယ် မေမြတ်နိုးကို ခွဲစိတ်ပြုပြင်ပြီး ပိုမို လှပအောင် လုပ်ပေးဖို့ စီစဉ်ခဲ့ဖူးကြောင်း သရဖူပြန်သိမ်းလိုက်တဲ့ တောင်ကိုရီးယား အခြေစိုက် မယ်ပြိုင်ပွဲအဖွဲ့က ပြောပါတယ်။

ဒီအကြောင်း ဧရာဝတီ အင်္ဂလိပ်ပိုင်းသတင်းတပုဒ်ထဲ ရေးထားပါတယ်။
မူရင်းကို  www.irrawaddy.org/all/burma/ex-burmese-beauty-queen-accused-stealing-crown.html မှာ ဖတ်နိုင်ပါတယ်။

သူ ပိုပြီး လှပသွားစေဖို့အတွက် တောင်ကိုရီးယားကို ရောက်ရောက်ချင်း ဆေးရုံကို ပို့လိုက်တယ်၊ ရင်သားပြုပြင်ဖို့ပါ ဆိုပြီး
မယ်ပြိုင်ပွဲအဖွဲ့ ပြန်ကြားရေးတာဝန်ခံ  David Kim က ပြောပါတယ်။
နှာခေါင်းမလှဘူးဆိုရင်... သူလည်း သဘောတူမယ် ဆိုရင် နှာခေါင်း ပြင်ပေးမှာပါ၊ ရင်သား မလှဘူး ဆိုရင်လည်း ရင်သားပေါ့ လို့ David Kim က ပြောပါတယ်။

ခွဲစိတ်ပြုပြင်ခဲ့ခြင်း ရှိမရှိ ဆိုတာကိုတော့ သေသေချာချာတော့ သတင်းထဲ ရေးမထားပါ။

မေမြတ်နိုးနဲ့ ပြိုပွဲအေဂျင်စီတို့ ကြား ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့တာကတော့ တောင်ကိုရီးယားခရီးစဉ် အစပိုင်းကတည်းကလို့ ဆိုတယ်။
မေမြတ်နိုးက သူ့မေမေကို ဆိုးလ်မြို့တော် အလည်အပတ် ၁၀ ရက် ဆိုပြီး ခေါ်ခဲ့တယ် တဲ့။ သို့သော်လည်း ၃ လ ကြာသွားတယ်လို့ ဆိုတယ်။
ပြိုင်ပွဲအဖွဲ့ အပိုကုန်ကျသွားတယ်လို့ သူက ဆိုပါတယ်။

Miss Asia Pacific World သရဖူရုပ်သိမ်းကြောင်းလည်း  မေမြတ်နိုးကို အကြောင်းကြားထားပါတယ် တဲ့။

ဆက်စပ်


http://burma.irrawaddy.org/entertainment/2014/06/11/60241.html


မူရင်းသတင်း
 www.irrawaddy.org/all/burma/ex-burmese-beauty-queen-accused-stealing-crown.html
 



.

3 comments:

  1. နာမည်ကြီးတစ်ယောက်အနေနဲ့ မိမိရဲ့အပြောအဆိုအတိုင်း နေထိုင်မှရမှာပါ။ အခုလို ပြောတာက ကဲ့ရဲ့ရှုံ့ချချင်လို့ မဟုတ်ပါဘူး။ ပြုပြင်စေချင်လို့ပါ။ korea နိုင်ငံမှာက ခွဲစိပ်ပြုပြင်တယ်ဆိုတာ ခောတ်စားပါတယ်။ အဲဒီလိုနိုင်ငံကို ရောက်လို့ပြုပြင်ချင်စိတ် ဖြစ်ခဲ့တယ် ဆိုရင်တောင်မှ ဘယ်သူဖြစ်ဖြစ်မမှားလောက်ပါဘူး။ from YDNT ကိုယ်ချင်းစာသူလေး

    ReplyDelete
  2. မေမြတ်နိုးက ကိုရီးယားကို သွားတာ ရင်သား ပြုပြင် ခွဲစိတ်ဖို့ အချိန်တောင် ရရဲ့လား။ သူရောက်ပြီး ဘာမှ မကြာခင်ဘဲ သရဖူသိမ်းတယ်ဆိုလို့ ချက်ခြင်း ပြန်လာတာ မှတ်လား။

    ReplyDelete
  3. ခွဲ မခွဲ ကတော့ ကိုင် ကြည့် မပဲ သိမယ် :P

    ReplyDelete