Pages

Monday, August 11, 2014

မစ္စယင်လတ် ထိုင်းနိုင်ငံကို ပြန်ရောက်ပြီ

ထိုင်း ဝန်ကြီးချုပ်ဟောင်း မစ္စ ယင်လတ်ရှင်နာဝပ်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်ကို တနင်္ဂနွေနေ့ညက စင်ကာပူနိုင်ငံကတဆင့် ပြန်ရောက်လာခဲ့ပါပြီ။ 

 ဓာတ်ပုံ- မစ္စယင်လတ် ဖေ့စ်ဘုတ်

မစ္စယင်လတ်ဟာ ထိုင်း စစ်တပ်အာဏာပိုင်တွေကို ပေးသွားတဲ့ ပြန်လာမယ့် နေ့ရက်မှာပဲ ကတိ အတိုင်း ဆိုက်ဆိုက်မြိုက် မြိုက် ထိုင်းနိုင်ငံကိုပြန်ရောက်လာခဲ့တာပါ။ 

မစ္စယင်လတ်က မနေ့က ည ၁ဝ နာရီမှာ ပုဂ္ဂလိက ဂျက်လေယာဉ်နဲ့ ဒွန်မောင်းလေဆိပ်ကို ဆင်းသက်လာ ခဲ့ပေမယ့် လေဆိပ် အနောက်ဘက်တံခါးကတဆင့် အသင့်စောင့်ကြိုနေတဲ့ ဗင်ကားတစီးပေါ် တက်သွားပြီး သတင်းမီဒီယာတွေကို ရှောင်ရှားသွားခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်က ရေးပါတယ်။ 

မစ္စယင်လတ် ရဲ့ ဥရောပခရီးစဉ်ထွက်သွားစဉ်က မစ္စယင်လတ်ဟာ ရင်ဆိုင်ရမယ့် တရားစွဲဆိုမှုတွေ ကို ရှောင်ရှားဖို့အတွက် ထိုင်းနိုင်ငံကို ပြန်လာမှာမဟုတ်ဘူးဆိုတဲ့ ထင်ကြေးပေးမှုတွေလည်း ထွက် 
ပေါ်ခဲ့ပါတယ်။ 

 ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့က ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံး နိုင်ငံခြား ခရီးစဉ်ကို မစ္စ ယင်လတ်ထွက်ခွာသွားခဲ့ပြီး ဇူလိုင်လ ၂၆ ရက်နေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာကျင်းပတဲ့ အကိုဖြစ်သူ သက်ဆင်ရဲ့ မွေးနေ့ ပွဲကို တက်ရောက်ခဲ့ပါတယ်။ 



 အိမ့်သံစဉ် ~ 


 










No comments:

Post a Comment