Pages

Wednesday, August 13, 2014

MPC မှာ အပစ်ရပ်တိုက်တွန်းတဲ့ ကြေညာချက် NLD သဘောထား မပါဝင်

မြန်မာနိုင်ငံမှာ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးဖို့ နိုင်ငံရေး ပါတီ ၆၆ ခုက ကိုယ်စားလှယ်တွေနဲ့ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ MPC အဖွဲ့ ဆွေးနွေး အပြီး ထွက်ပေါ်လာတဲ့ ကြေညာချက်ဟာ ပါတီအားလုံးကို ကိုယ်စားမပြုဘူးလို့    NLD က ပြောလိုက်ပါတယ်။  


 MPC တွင် ကျင်းပသော နိုင်ငံရေးပါတီ ၆၆ ပါတီမှ ကိုယ်စားလှယ်များနှင့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ တို့တွေ့ဆုံပွဲ။(ဓာတ်ပုံ-MPC)

သမ္မတရုံးဝန်ကြီးဦးအောင်မင်းရဲ့ ဖိတ်ကြားချက်နဲ့ သြဂုတ်လ ၁၁ ရက်နေ့က MPC မှာ နိုင်ငံရေးပါတီ ၆၆ ပါတီမှ ကိုယ်စားလှယ်တွေတွေ့ဆုံခဲ့ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် လူအပ်တဲ့ မူဘောင်ညှိနှိုင်းမယ်လို့ ဆိုတဲ့ ဆွေးနွေးမှု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီနောက်မှာတော့ နိုင်ငံရေး ပါတီ တချို့ က အချက် ၆ ချက်ပါ သဘောထားကြေညာချက်တရပ် ထုတ်
ပြန် ခဲ့ရာ အပစ်ရပ်ရေး အမြန် လက် မှတ် ထိုးဖို့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် သက်ဆိုင်သူ များ ကို တိုက်တွန်းသည် ဆိုသော အချက် ပါဝင်ပြီး ယင်းကြေညာချက်တွင် နိုင်ငံရေးပါတီ ၆၆ ပါတီကို ကိုယ်စားပြု သည့်ပုံစံ ထုတ်ပြန်ထားကြောင်း သိရပါတယ်။ 


ဒီအကြောင်းသတင်းအပြည့်အစုံကိုလည်း ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ ဧရာဝတီသတင်းထောက် ထက်နိုင်ဇော် ရေးသားတင်ပြထားတဲ့ အပစ်ရပ် အမြန်လက်မှတ်ထိုးရေး MPC ကြေညာချက် NLD နှင့် ပါတီများကို ကိုယ်စားမပြု ဆိုတဲ့ သတင်းမှာလည်း အပြည့်အစုံ ဖတ်နိုင်ပါတယ်။ 



အိမ့်သံစဉ် ~ 












No comments:

Post a Comment