အာ့ လာပြောတာ ဆိုတဲ့ အသုံးအနှုန်းကို အွန်လိုင်းမှာ အခုတလော တွေ့ကြရမှာပါ။
အထူးသဖြင့် ရန်ကုန်မြစ်ထဲက ခေါင်းလောင်းရှာဖွေရေးနဲ့ နဂါးတွေက ခေါင်းလောင်းကို ထိန်းချုပ်ထားတယ်ဆိုတဲ့ ပြောဆိုချက် ထွက်ပေါ်လာပြီးနောက်မှာ ဒီအသုံးအနှုန်း အသုံးများလာပါတယ်။
.
စာနဲ့အတူတက်လာတဲ့ပုံတွေထဲမှာ အထက်ပါ ဂဠုန်ပုံလည်း ပါပါတယ်။
အာ့ ဆိုတာက အဲဒါ ရဲ့ အတိုကောက်ပါ။
.
ဒီလိုသာ အသုံးများကြရင်တော့ ခက်ရချည်ရဲ့ဆိုတဲ့သဘော သရုပ်ဆောင် ဆွိဝတ်ရည်သောင်းက ရေးပါတယ်။
ထွင်ကြရင်း ထွင်ကြရင်းနဲ.နောက်မြန်မာကလေးတွေက မြန်မာစာလုံးပေါင်း ဘယ်ဟာက အမှန် အမှားလဲ မသိကြပဲနေတော့မယ် ထင်ပါရဲ. ..... �� လို့
အွန်လိုင်းမှာ သူက ရေးပါတယ်။
ဒီအတောအတွင်း လူကြီးလူငယ် အများအပြား အာ့ လာပြောတာ ဆိုပြီး အပျော်သဘော ရေးနေကြတာကိုလည်း တွေ့ရမှာပါ။
အဆိုတော် သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းက .... သွားခဲ့တဲ့မဝမ်းတို့ရဲ့ဆိုင်လေး
တဆိုင်လုံးကဇာတွေ ကြိုက်နေတယ် ဘယ်လိုလုပ်ရမလဲ
ဇာတွေက အကုန်လှအကုန်ကြိုက်တယ် အ့ာလှမ်းပြောတာ:):) လို့ ဟိုတနေ့က ရေးပါတယ်။
Facebook မြန်မာပြည်မှာ စတင် ခေတ်စားခါစ ကတည်းက အတိုကောက် အသုံးအနှုန်းတွေကို အပျော်သဘော သုံးခဲ့ကြတာပါ။
ဥပမာ... ဘယ်သူလေးလဲ ဆိုတာကို ဘူလေးလဲ။
အဲဒီမျိုး စကားလုံးတချို့ သီချင်းထဲ ရောက်လာပါတယ်။
သီချင်းနဲ့ Facebook မှာ အသုံးများလာတဲ့အတွက် နောင်လည်း ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် သုံးစွဲလာကြဖွယ် ရှိပါတယ်။
.
အင်း စာလုံးပေါင်သတ်ပုံတွေကရင်လေးစရာ
ReplyDeleteအာ့လာပြောတာ
ကွကိုတင်မရဝူး အပရု လုပ်ပေးအုံး အာ့လှမ်းပြောတာ
ReplyDeleteအော်..အာ့ ပြောချင်တာလား :)
ReplyDelete