Pages

Monday, September 22, 2014

အစစ်မခံတဲ့ကားကို တာချီလိတ်မှာ ပစ်ခတ်ဖမ်းဆီး၊ မူးယစ်ပစ္စည်းများသိမ်းမိ


   တာချီလိတ်မြို့နယ်ကနေ မိုင်းဆတ်မြို့နယ်ဘက်အသွား ကားလမ်းပေါ်မှာ မူးယစ် ဆေးဝါး ပြုလုပ်တဲ့ ဓာတုဆေးရည်တွေ တင်ဆောင်လာတဲ့ Tiger အမျိုးအစား အဖြူရောင်ကား    
မောင်းနှင်လာသူ နှစ်ဦးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ   မနေ့ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွား ခဲ့ကြောင်း တာချီလိတ်မြို့နယ် မူးယစ် ဆေးဝါး ဖမ်းဆီးနှိမ်နင်းရေး အထူးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထား ပါတယ်။ 




 ဓာတ်ပုံ - တာချီလိတ်မြို့နယ် မူးယစ် ဆေးဝါး ဖမ်းဆီးနှိမ်နင်းရေး အထူးရဲတပ်ဖွဲ့

ဓာတုဆေးရည်တွေ သယ်ဆောင်လာတဲ့ အဆိုပါကားကို ဟွေရဲပူးပေါင်းစစ်ဆေးရေးစခန်းအရောက်မှာ မူးယစ် တပ်ဖွဲ့စု က စစ်ဆေး ရှာဖွေရန် ရပ်တန့်ခိုင်းရာမှာ မရပ်တန့်ဘဲ လမ်းကို တားဆီးထားတဲ့ မောင်းတံကို တိုက်ပြီး မောင်းနှင်ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

 ပူးပေါင်းတပ်ဖွဲ့တွေက အဆိုပါ ကားနောက်ကိုလိုက်ပြီး ဖမ်းဆီးဖို့ကြိုးစားရာမှာ ယာဉ်ပေါ်မှာပါလာသူ အမျိုးသား နှစ်ဦးက သေနတ်နဲ့ ပြန်လည်ခုခံဖို့ ကြိုးစားတဲ့ အတွက် ပူးပေါင်းတပ်က ပစ်ခတ်ရာမှာ  
မော်တော် ယာဉ်ကိုယ်ထည်ကို ၃ ချက်ထိမှန်ခဲ့သလို ဝဲဘက်ဘီးကိုလည်း ထိမှန်ခဲ့တယ်လို့သိရပါတယ်။ 

ပစ်ခတ်မှုတွေဖြစ်ပွားစဉ်မှာပဲ  ယာဉ်ပေါ်မှာလိုက်ပါလာသူနှစ်ဦး   လျှိုအတွင်း  ခုန်ချ ထွက်ပြေး လွတ်မြောက် သွားခဲ့ ကြောင်း၊ ကျန်ရစ်ခဲ့တဲ့ယာဉ်ထဲမှာ မူးယစ်ဆေးဝါး ပြုလုပ်ရာမှာ အသုံးပြုတဲ့ ကဖင်း (၃၂) ကီလို၊ တလီတာပါ    မျောက်တံဆိပ်အနံ့ ဆေးရည်   ပုလင်း အလုံး (၆၀) ကို သိမ်းဆည်းထားကြောင်း သိရပါတယ်။ 

လက်ရဖမ်းဆီးနိုင်ဖို့ ကြိုးစားတဲ့ မူးယစ် ပူးပေါင်းတပ်ဖွဲ့ကို လက်နက်နဲ့ ပြန်လည်ခုခံပြီး ထွက်ပြေး လွှတ်မြောက်သွားသူ နှစ်ဦးကိုလည်း အရေးယူပေးဖို့ တာချီလိတ်မြို့မရဲစခန်းမှာ မယ(ပ)၁၂၂/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၆(ခ)အရ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ 














1 comment:

  1. ကားတစင်းလုံးမိမှတော့ယာဉ်ပိုင်ရှင်ကိုမိရမှာပေါ့....

    ReplyDelete