Pages

Monday, September 22, 2014

ထိုင်းတွင် အသတ်ခံရသူ ဗြိတိသျှ အမျိုးသမီး ရုပ်အလောင်းကို နေရပ်ပြန်ပို့

အားလပ်ရက် ခရီးထွက်လာရင်း အသတ်ခံခဲ့ရသော Hannah Witheridge အသက် ၂၃ နှစ်၏ ရုပ်အလောင်းကို ထိုင်းနိုင်ငံမှ ဗြိတိန်နိုင်ငံသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သူ၏ မိသားစုက တနင်္ဂနွေနေ့ တွင် ပြောသည်။

ဦးခေါင်းတွင်ဆိုးရွားပြင်းထန်သော ဒဏ်ရာများရရှိထားသော Hannah Witheridge ကို Koh Tao ကျွန်းတွင် David Miller၊ အသက် ၂၄ နှစ် နှင့်အတူ ယခင်အပတ်က ရှာဖွေတွေ့ရှိခဲ့သည်။

“မိသားစုတခုအနေနဲ့ Hannah ကို သူနဲ့သက်ဆိုင်တဲ့ အိမ်ကို ပြန်လည်ခေါ်ဆောင်နိုင်ခဲ့တဲ့ အတွက် အလွန်ကျေနပ်ရပါတယ်၊ ကျနော်တို့ မိသားစု ပြိုကွဲခဲ့ပါပြီ။ ၀မ်းနည်း ပူဆွေးမှုတွေပြေပျောက်ဖို့ အချိန် ယူရပါဦးမယ်”

AFP

No comments:

Post a Comment