Pages

Saturday, September 20, 2014

မိကျောင်းကန်သပိတ်စခန်း ၂ ခြမ်းကွဲ


 ~


ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံဘေးမှာ ရက်ပေါင်းတရာကျော်ဆန္ဒပြနေသူတွေ ရှိပါတယ်။

  • (ဓာတ်ပုံများ - စိုင်းဇော်/ဧရာဝတီ)

ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ဒေသမှာ နေထိုင်ခဲ့သူတွေက သူတို့ရဲ့ အသိမ်းဆည်းခံမြေ ပြန်ရလိုတဲ့အတွက် ဆန္ဒပြနေကြတာဖြစ်လို့ အဲဒီနေရာကို မိကျောင်းကန် သပိတ်စခန်းလို့ ခေါ်ကြပါတယ်။

သူတို့  စခန်းမှာ သပိတ်တိုက်ပွဲ ဆက်ဆင်နွဲရေး ၊ မဆင်နွဲရေး စိတ်သဘောထားကွဲလွဲပြီးနောက် တွေ့ရတဲ့ မြင်ကွင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
 
သပိတ်စခန်းကို ရောက်လာတဲ့  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရီကိုလည်း တွေ့ရပါမယ်။

၂ နှစ်ကျော်ကြာ ဆန္ဒပြတဲ့ သူတို့တွေက သပိတ်စခန်းကို ကိုယ့်သဘောနဲ့ကိုယ် ရုပ်သိမ်းပေးလိုက်တာ ရှိသလို အာဏာပိုင်တို့ အင်အားသုံးလို့ စခန်းပျက်သွားတာလည်း ရှိပါတယ်။

မဟာဗန္ဓုလ ပန်းခြံဘေးမှာ လက်ရှိစခန်းကိုတော့ ထောက်လှမ်းရေးတွေက ခပ်လှမ်းလှမ်းကနေ မပြတ် စောင့်ကြည့်နေပါတယ်။

သပိတ်စခန်း ခေါင်းဆောင် ဦးစိန်သန်းကတော့ ပုဒ်မမျိုးစုံနဲ့ စုစုပေါင်း ထောင် ၂ နှစ် ချမှတ်ခံထားရတာ မကြာသေးပါ။

သူတို့ရဲ့ တိုက်ပွဲဟာ နှစ်နဲ့ချီပြီးကြာတာတောင် အောင်မြင်နိုင်ဖွယ် မရှိဘူး၊ ဘာကြောင့်လဲဆိုတော့ သိမ်းတဲ့သူက စစ်တပ် ဖြစ်နေလို့ပဲ ဆိုပြီး ပြောဆိုသံတချို့လည်း ထွက်နေပါတယ်။

မြေသိမ်းမှုနဲ့ ပတ်သက်ပြီး စစ်တပ်ခေါင်းဆောင်ဘက်ကအသံ လောလောလတ်လတ် ကြားရပါတယ်။

"အကြောင်းအမျိုးမျိုးကြောင့် လက်ဝယ်ထားရှိသည့် မြေများအား စိစစ်၍ နိုင်ငံတော်သို့ ပြန်လည် လွှဲပြောင်းပေးအပ်လျက်ရှိကြောင်း" ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုတယ်လို့ ဒီကနေ့ထုတ် အစိုးရသတင်းစာမှာ ဖော်ပြထားပါတယ်။

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ ရောက်နေတဲ့ သင်တန်းသား အရာရှိကြီးများနဲ့ ကြာသပတေးနေ့မှာ တွေ့ဆုံစဉ် ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။



ဆက်စပ်သတင်း
 မြန်မာ့ ဂုဏ်ရည် နှင့် မိကျောင်းကန် မြေသိမ်းမှု ပြဿနာ မပြေလည်သေး
http://burma.irrawaddy.org/news/2014/04/02/57072.html


.
.

No comments:

Post a Comment