Pages

Friday, September 26, 2014

တယ်လီနောကတ်တွေ မနက်ဖြန် မန္တလေးမှာ စတင်ရောင်းချမယ်


 ~


 

ဆင်းကတ် မနက်ဖြန် စနေနေ့မှာ စတင် ရောင်းချမယ် လို့  တယ်လီနောက ကြေညာလိုက်ပါပြီ။

သို့သော်လည်း မန္တလေးမြို့မှာပဲ စတင် ရောင်းချမှာဖြစ်ပါတယ် တဲ့။

 


  • ကြာသပတေးညက ရန်ကုန်မြို့ တယ်လီနောရုံးချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမြင်ကွင်း (Photo: JPaing / The Irrawaddy)

သိပ်မကြာခင်  ရန်ကုန်၊ နေပြည်တော် တို့မှာလည်း ရောင်းမယ်လို့ ဆိုတယ်။

ရောင်းဈေးက ကျပ်ထောင့်ငါးရာ။

တယ်လီဖုန်ဆက်သွယ်ရေးလုပ်ငန်းကို ယခင်စစ်အစိုးရက တင်းတင်းကြပ်ကြပ် ထိန်းချုပ်ခဲ့တာပါ။
လက်ဝါးကြီးအုပ်ဈေးကွက်ခေတ်မှာ ဆင်းကတ် ဈေးနှုန်းက သိန်း ငါးဆယ်တို့ဘာတို့အထိ ဖြစ်ခဲ့ပါတယ်။

အစိုးရပုံစံပြောင်းပြီး ကာလအတန်ကြာမှာ ချုပ်ကိုင်မှု ဖြေလျှော့ပေးလိုက်ရာမှာတော့ ဖုန်းကတ်ဈေးနှုန်းက ပြုတ်ကျပါပြီ။

ကုမ္ပဏီပေါင်း ၉၀ ဝန်းကျင်က လိုင်စင်တွေ လျှောက်ကြရမှာ အစိုးရက တယ်လီနော၊ အော်ရီဒူးတို့ကို လိုင်စင်ပေးလိုက်ခြင်းပါ။

အော်ရီဒူးက ဈေးကွက်ထဲ အရင်ရောက်ပါတယ်။
ခုတော့ တယ်လီနော လိုက်လာခြင်းပါ။

နှစ်ခုစလုံး တူညီချက်ကတော့ အဓိကမြို့ကြီး ၃ ခုမှာပဲ ၀န်ဆောင်မှု စတင်ခြင်းပါ။
ဒီမြို့ကြီးတွေနားမှာပဲ ဆက်သွယ်ရေးတာဝါတိုင်  စိုက်ထူနိုင်တယ်၊ ကျန်ဒေသများမှာ ဆက်လက် ဆောင်ရွက်နေဆဲဖြစ်တယ်လို့ နားလည်ရပါတယ်။
 

မူရင်း

Telenor to Launch 3rd Telecoms Service This Week
http://www.irrawaddy.org/business/telenor-launch-3rd-telecoms-service-week.html

ယခင်သတင်း

တယ်လီနော ဖုန်းကတ် ၁၀ သန်း စက်တင်ဘာတွင် စတင်ရောင်းချမည်
http://burma.irrawaddy.org/business/2014/08/09/62972.html
 



.

No comments:

Post a Comment