Pages

Thursday, September 18, 2014

မေမြတ်နိုးပုံတွေကို ကိုရီးယားမယ်ပြိုင်ပွဲကော်မတီ ထုတ်ပြန်


 ~





မေမြတ်နိုးကို ကိုရီးယားမှာ ပလပ်စတစ်ဆာဂျရီ လုပ်ဖို့ စီစဉ်ပေးခဲ့တယ် ဆိုတဲ့ ဓာတ်ပုံစုစည်းချက်တခု ဒီကနေ့ ထွက်လာပါတယ်။ 


ပုံ ၄ဝ ဝန်းကျင် ပါဝင်တဲ့ အဲဒီဖိုင်ကို ကိုရီးယားနိုင်ငံအခြေစိုက် မယ်ပြိုင်ပွဲအဖွဲ့ - Miss Asia Pacific World Super Talent Committee  နာမည်နဲ့ ထုတ်ပြန်ထားပါတယ်။  ခွဲစိတ်ခန်းပုံ ၁ ပုံ ၂ ပုံ ပါဝင်သလို သူတို့အဖွဲ့ရဲ့ရုံးအတွင်းအပြင်ပုံတွေလည်း ပါဝင်ပါတယ်။ ပုံတွေကတော့ စိတ်ဝင်စားစရာကောင်းတယ်လို့ မဆိုနိုင်ပါ။

ဘာကြောင့် ပုံတွေ ထုတ်ပြန်တယ် ဆိုတာကို ဖော်ပြခြင်း မရှိပေမယ့် ပလပ်စတစ်ဆာဂျရီလုပ်ဖို့ မေမြတ်နိုးနဲ့ သူ့မိခင်က သဘောတူတယ်လို့  ရေးပါတယ်။

မေမြတ်နိုးကို ဆေးရုံမှာ VIP ခန်းမှာ ထားတယ်၊  ခွဲစိတ်ပြုပြင်တဲ့ အစီအစဉ် မပြီးခင် မေမြတ်နိုးက ဆေးရုံကနေ ဆင်းသွားတယ်လို့
မယ်ပြိုင်ပွဲအဖွဲ့က ဆိုပါတယ်။

ဒီထုတ်ပြန်ချက်မှာ ဓာတ်ပုံတချို့ ပါဝင်ပေမယ့် ထုတ်ပြန်ရခြင်း ရည်ရွယ်ချက်ကို သဲသဲကွဲကွဲ မသိရပါ။
မယ်ပြိုင်ပွဲအဖွဲ့က သူတို့ဟာ အလှမယ်အပေါ် ဂရုစိုက်တယ်၊ ကောင်းကောင်း ဆက်ဆံတယ်၊ အလှမယ်ဘက်က ဆေးရုံကနေ ရုတ်တရက် ပျောက်ကွယ်သွားတယ် ဆိုတဲ့အချက်ကိုပဲ ပေါ်လွင်စေအောင် ရေးထားတာ ဖြစ်ပါတယ်။

ဒီအဖွဲ့က မေမြတ်နိုးကို သရဖူ ပြန်အပ်ဖို့ ပြောထားတဲ့အဖွဲ့ပါ။

ခွဲစိတ်ပြုပြင်မှု ဘယ်လောက်အထိ လုပ်ခဲ့တယ်
သို့မဟုတ် ဘာမှမလုပ်ရသေးဘူး၊ သရဖူပြန်မရရင် ဘာလုပ်မယ်၊ ပြန်ရရင် ဘာလုပ်မယ် ဆိုတာတွေကိုလည်း ဘာမှ ရေးမထားပါ။

မေမြတ်နိုးက အဲဒီသရဖူ ပြန်အပ်မယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်း အသံထွက်လာပေမယ့် အခုချိန်ထိတော့ ဘယ်တော့ ပြန်အပ်မယ်ဆိုတာကို တိတိကျကျ မပြောသေးပါ။

နှစ်ဘက်ကြား သဘောထားတင်းမာမှုအရှိန်မြင့်နေဆဲလို့ ယူဆရမလိုပါပဲ။

ပုံတချို့ကို ကူးယူ ဖော်ပြလိုက်ပါတယ်။
 






.

No comments:

Post a Comment