Pages
Thursday, September 25, 2014
ဘယ်နိုင်ငံခြားဘဏ်တွေ မြန်မာပြည်လာမလဲ၊ မကြာခင် သိရပါတော့မယ်
 ~
 မြန်မာပြည်မှာ ဖွင့်ခွင့်ရမယ့်   နိုင်ငံခြားဘဏ်တချို့ရဲ့အမည်ကို ဒီလကုန်မှာ  ကြေညာပါတော့မယ်။ လကုန် ဆိုတော့ ရက်ပိုင်းပဲ လိုပါတော့တယ်။
  • ရန်ကုန်မြို့က ပုဂ္ဂလိက ဘဏ်လုပ်ငန်းခွင်တခု (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ဒီသတင်းကောင်းကို ဧရာဝတီအင်္ဂလိပ်ပိုင်းစာမျက်နှာ
http://www.irrawaddy.org/business/burma-issue-foreign-bank-licenses-end-sept-central-bank.html မှာ တင်ထားပါတယ်။
Burma to Issue Foreign Bank Licenses by End-Sept: Central Bank  ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။
သတင်းကောင်း ဆိုတာက ငွေချေးပြီး လုပ်ငန်း စတင်လိုတဲ့/တိုးချဲ့လိုတဲ့ လုပ်ငန်းရှင်များအတွက်ပါ။
ပိုအဆင်ပြေတဲ့၊ ပိုအကျိုးပြုမယ့်၊ ပိုမိုမြန်ဆန်တဲ့ ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေကို သူတို့က မျှော်လင့်နေတာပါ။
နိုင်ငံစီးပွားရေးတိုးတက်ဖို့ကလည်း ဘဏ်လုပ်ငန်း  ဖွံ့ဖြိုးဖို့ လိုအပ်ပါတယ်။
အများပြည်သူအတွက်လည်း လက်ရှိထက်ပိုကောင်းတဲ့  ဘဏ်လုပ်ငန်း လိုအပ်တဲ့အတွက် ဒါက သတင်းကောင်းပါ။
ဘဏ်လုပ်ငန်း  ဖွံ့ဖြိုးလာရင် ဘဏ်ကတ်၊ ချက်လက်မှတ် အသုံးပြုမှု ပိုများလာမယ်လို့ လွယ်လွယ် တွေးနိုင်ပါတယ်။
  ငွေသားကိုင်ဆောင်မှု နည်းသွားပါမယ်။
ငွေထုပ်ကြီးတွေထမ်းပိုးရတာထက် ကိုင်တွယ်ရတာထက် ဘဏ်ကတ်၊ ချက်လက်မှတ်ကိုင်ရတာ အင်မတန်မှ သက်တောင့်သက်သာ ရှိပါတယ်။
 ပြည်တွင်း  ဘဏ်လုပ်ငန်းရှင်များကတော့ နိုင်ငံခြား ပြိုင်ဘက်တွေလာမယ် ဆိုတာကို သတင်းဆိုးလို့ သတ်မှတ်ဖွယ်ရှိပါတယ်။
အရင်းအနှီးနဲ့ နည်းပညာ သာလွန်တဲ့ နိုင်ငံခြားပြိုင်ဘက်တွေ ဝင်လာရင် သူတို့ အခက်အခဲ အများအပြားနဲ့ ရင်ဆိုင်ရမှာ သေချာလို့ပါ။
အခန့်မသင့်ရင် ပြိုလဲသွားနိုင်ပါသေးတယ်။
ကိုယ့်ဆီက ဝန်ထမ်း အများအပြားကိုလည်း အဲဒီ နိုင်ငံခြားဘဏ်တွေက ဆွဲခေါ်သွားနိုင်ခြေ ရှိပါတယ်။
ကိုယ် အချိန်ပေး လေ့ကျင့်ထားတဲ့ အားကိုးရတဲ့ ၀န်ထမ်းတွေ ထွက်မသွားဖို့ ကြိုးပမ်းရ၊
ထွက်သွားတဲ့သူတွေနေရာမှာ လူသစ် ထပ်ခန့်ရ စသဖြင့် စသဖြင့် အလုပ်တွေ ပိုလာဖွယ်ရှိပါတယ်။
လုပ်ပိုင်ခွင့်ရမယ့် ပြည်ပဘဏ်အရေအတွက်က ၅ ခုက ၁ဝ ခုအထိ ဖြစ်ပါလိမ့်မယ် တဲ့။ ဒီသတင်းကို ထုတ်ဖော်ပြောဆိုသူကတော့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဆက်အောင် ဖြစ်ပါတယ်။
မြန်မာပြည်မှာ ကိုယ်စားလှယ်ရုံးခွဲ လာရောက်ဖွင့်ထားတဲ့ နိုင်ငံခြား ဘဏ် ၄၃ ခု ရှိတယ်။ အဲဒီထဲက  ၂၉ ခုက လုပ်ငန်းလုပ်ခွင့်လိုင်စင် လျှောက်ထားတယ်လို့ ဦးဆက်အောင်က ပြောပါတယ်။
ဘယ်ဘဏ်တွေကို ခွင့်ပြုမယ်ဆိုတာကို စက်တင်ဘာလကုန်ပိုင်းမှာ အပြီးသတ် ရွေးချယ်မယ်၊ ရွေးပြီးတာနဲ့ တပြိုင်နက် ကြေညာပါမယ် တဲ့။
ဒါဟာ နိုင်ငံခြားဘဏ်တွေကို မြန်မာပြည်မှာ ပထမဆုံးအကြိမ် ဖွင့်ခွင့် ပြုခြင်းဖြစ်လာပါမယ်။
မူရင်းသတင်းကို  http://www.irrawaddy.org/business/burma-issue-foreign-bank-licenses-end-sept-central-bank.html မှာ ဖတ်နိုင်ပါတယ်။
.
No comments:
Post a Comment