Pages

Tuesday, September 23, 2014

ဗြိတိန် ၂ ဦး လိပ်ကျွန်းမှာ အသတ်ခံရမှုနဲ့ သံသယရှိသူ ၂ ဦး ဓာတ်ပုံ ရဲရရှိထား

ထိုင်းနိုင်ငံတောင်ပိုင်း ဆုရတ်ဌာနီအရပ်မှာ ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်ဖြတ်သူလို့  ယူဆရသူ ထိုင်းလူမျိုး ၂ ဦးအား ပြင်သစ်ကမ္ဘာလှည့်ခရီးသွားတဦးက မှတ်တမ်း တင်ထားခဲ့ပြီး ထိုင်းရဲတပ်ဖွဲ့ အား အချက်အလက်ပြန်လည်မျှဝေပေးခဲ့သည်ဟု သိရသည်။ 


တရားခံဟု ထိုင်းရဲ့ ယုံကြည်ခံထားရသူ ထိုင်း အမျိုးသား ၂ ဦးနှင့် CCTV မှတ်တမ်း၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်

 ထို့အပြင် အဆိုပါ ပြင်သစ်နိုင်ငံသားက သေဆံးသူ ဗြိတိန်အမျိုးသမီးအား ထိုင်းအမျိုးသား ၂ ဦးက စော် ကားရန် ကြိုး စားနေသည်ကိုလည်း ၄င်းကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည်ဟု ရဲတပ်ဖွဲ့ကို ထွက်ဆိုထားကြောင်း သတင်းရင်းမြစ်တခုကို ကိုးကားပြီး ယနေ့ရက်စွဲဖြင့် ဘန်ကောက်ပို့စ်တွင် ဖော်ပြသည်။ 

ထို့ကြောင့် ၄င်း ထိုင်း အမျိုးသား ၂ ဦးအား သူ၏ တယ်လီဖုန်းဖြင့် ဓာတ်ပုံမှတ်တမ်း ရယူခဲ့၍ အသက် အန္တရာယ် ခြိမ်း ခြောက်ခံနေရသည့်အတွက် ပြင်သစ်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွားအား ထိုင်းအစိုးရက လုံခြုံရေး တာဝန်ယူထား ကြောင်း ဘန်ကောက်ပို့စ် သတင်းက ဆိုသည်။ 

အခင်းဖြစ်ပွားသည့်နေ့က အခင်းဖြစ်ပွားချိန် လုံခြုံရေးကင်မရာမှ မှတ်တမ်းတွင် သံသယရှိသူ တဦးသည် အဆိုပါ ထိုင်း ၂ ဦးအနက် တဦး၏ ရုပ်ပုံနှင့် ကိုက်ညီကြောင်း၊ အရပ်၊ ခန္ဓာကိုယ်အရွယ်အစား၊ ဘယ် ဘက်နားတွင် နားကွင်းစွပ် ထား မှု စသည်များမှာ တပုံစံတည်းဖြစ်၍ လူသတ်မှု တရားခံဟု ယူဆထားသူပင်ဖြစ်သည်ဟု ရဲက ယုံကြည်ထားသည်ဟု ဆိုသည်။ 

သို့သော် အဆိုပါ ထိုင်းလူမျိုး ၂ ဦးကို အခင်းဖြစ်ပွားပြီးနောက်ပိုင်း ယခင်ကလည်း ရဲတပ်ဖွဲ့က အဆိုပါ လူသတ်မှုကိစ္စဖြင့် ခေါ်ယူမေးမြန်းခဲ့စဉ်က ၄င်းတို့အနေဖြင့် လူသတ်မှုတွင် မည်သို့မျှ မပတ်သက်ကြောင်းနှင့် ရဲတပ်ဖွဲ့အား DNA နမူနာပေးရန်လည်း ငြင်းဆိုထား ကြောင်း သိရသည်။ 

ယခင်က လူသတ်မှုနှင့်သင်္ကာမကင်းသူများထဲတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများစွာလည်း ပါဝင်ပြီး DNA ရယူရာ တွင် ရိုက်နှက်ခံရမှုများရှိခဲ့သည်။ 

ရဲတပ်ဖွဲ့အဆိုအရ ယခင်က DNA ရယူထားသည့် လူ ၃၀ ခန့်သည် သေဆုံးသူ ဗြိတိန် အမျိုးသမီး၏ ခန္ဓာကိုယ်မှ ရရှိသည့် သုတ်ပိုးသက်သေနှင့် ကိုက်ညီမှု မရှိကြောင်းလည်း ထုတ်ပြန်ထားသည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်၍ လိပ်ကျွန်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား စစ်ဆေးမေးမြန်းခြင်း၊ DNA စုဆောင်း မှုများအတွင်း ရိုက်နှက်ခံရမှုများရှိပြီး သက်ဆိုင်ရာ မြန်မာသံရုံးကလည်း ၄င်းကိစ္စကို ယခုထိ အရေး တယူမရှိသေး ကြောင်း သိရသည်။ 

ယခုကိစ္စ သတင်းအပြည့်အစုံကို မကြာမီ ဧရာဝတီ မြန်မာပိုင်း စာမျက်နှာ  http://burma.irrawaddy.org  တွင် ဖော်ပြသွားမည် ဖြစ်သည်။ 



  
ဧရာဝတီ Facebook / ဧရာဝတီ Twitter




No comments:

Post a Comment